MENU

Fun & Interesting

Khit Thit သတင်းဌာန၏ မတ် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media 582,643 1 month ago
Video Not Working? Fix It Now

Khit Thit သတင်းဌာန၏ မတ် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၂၈ ရက် နေလယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ အကျပ်အကိုင်တောင်းဆိုမှုတွေကို အလျှော့ပေး လက်ခံတဲ့ အစဉ်အလာမရှိတဲ့အတွက် စစ်ကိုဆက်လက်ဆင်နွဲမှာဖြစ်တယ်လို့ ပြောသွားပြန်ပါတယ်။ - အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ စစ်ကို ဆက်ပြီး ဆင်နွဲမယ်လို့ ပြောနေတဲ့အချိန် တော်လှန်ရေးတပ်တွေဆီကို တဖွဲဖွဲ အလင်းဝင်ရောက်လာနေတဲ့ သူတို့ရဲ့ စစ်ကောင်စီတပ်သားတွေဟာ ကရင်နီပြည်နယ်မှာလည်း နောက်ထပ် စစ်ကောင်စီ တပ်သား ၄ ဦးဟာ တော်လှန်ရေးတပ်တွေဆီကို ထွက်ပြေးလာပြီး အလင််းဝင်ရောက်လာပြန်တယ်လို့ KNDF တပ်ရင်း ၅ ဆီကနေ သိရပါတယ်။ - ပဲခူးတိုင်း မင်းလှမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းပိုင် ဆိုသူဟာ ရဲမေတွေ အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်နေတဲ့အပြင် လာဘ်စားမှု၊ ကြီးနိုင်ငယ်ညှဉ်း လုပ်ဆောင် မှုနဲ့ အာဏာအလွဲသုံးစားမှုတွေပါ ကျူးလွန်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။

Comment