MENU

Fun & Interesting

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media 605,237 9 hours ago
Video Not Working? Fix It Now

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့အဖွဲ့တွေက မြန်မာနိုင်ငံကို ဘဏ္ဍာရေး အမည်ပျက်နိုင်ငံ စာရင်းကနေ ပယ်ဖျက်ပေးဖို့ FATF အစည်းအဝေးမှာ တက်ရောက် အရေးဆိုပေမယ့် မအောင်မြင်ဘဲ ပြန်လာခဲ့ရပြန်တယ်ဆိုပါတယ်။ -ကရင်ပြည်နယ်မှာ မြဝတီမြို့နယ်ကို ထိန်းချုပ်ဖို့ဆိုပြီး ရက်ပိုင်းအတွင်း သွားရတဲ့ ခရီးကို အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျာစစ်ကြောင်းဟာ ၉ လကျော်တဲ့အထိ မရောက်နိုင်သေးပဲ တော်လှန်ရေး တပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်တာကို ခံနေရရင်းနဲ့သာ ထပ်ပြီး စစ်ကြောင်းထိုးတာတွေ လုပ်လာနေပြန် သလို ၊ ကော့ကရိတ်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၅ ဦးရဲ့ မသာအလောင်းတွေနဲ့အတူ လက်နက်တွေနဲ့ မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်း ရရှိထားပြန်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရသိရပါတယ်။ - ရန်ကုန်မြို့မှာ အကြမ်းဖက် စစ်ကောင်စီက လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ကြားက နှစ်ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးအနေနဲ့ "ငုံမခံနဲ့ တုံ့ပြန် ၊ အံတု တွန်းလှန် ဖက်ဆစ်ဒဏ်" လှုပ်ရှားမှုကို ပြုလုပ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Comment