MENU

Fun & Interesting

Khit Thit သတင်းဌာန၏ မတ် ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media 993,718 lượt xem 1 week ago
Video Not Working? Fix It Now

Khit Thit သတင်းဌာန၏ မတ် ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ ထိခိုက်သေဆုံးသူ အရေ အတွက်တွေဟာ တဖြေးဖြေးမြင့်တက်လာပြီး အဲဒီထဲမှာ မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေ နဲ့ မိသားစုဝင်တွေလည်း သေဆုံးသွားပြီလို့ သုခဒိုင်းမွန်းစိန်တိုက်က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

- မန္တလေးမြို့မှာ ကြီးမားတဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ ဦးလှသိန်း သာသနာ့ ဗိမာန်အတွင်း စာမေးပွဲ ဖြေနေကြတဲ့ သံဃာတော် အပါး ၈၀ ကျော်လည်း ပြိုကျတဲ့အထဲမှာ ပိတ်မိရင်းနဲ့ ပျံလွန်တော်မူသွားပြီလို့ ကျောင်းတိုက်နေ သံဃာတော်တွေက ပြောပါတယ်။

-စစ်ကိုင်းတိုင်းမှာလည်း ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကိုင်းမြို့ တစ်မြို့လုံး ၈၀ ရာခိုင်နှုန်းလောက်အထိ ပြိုကျပျက်စီးသွားပြီး သေဆုံးသူ စာရင်းဟာ ရာနဲ့ချီရှိနိုင်တဲ့အပြင် လက် တလောအတည်ပြိုလို့ရတဲ့ အရေအတွက်တင် သေဆုံးသူဟာ အယောက် ၅၀ နီးပါးရှိနေပြီ ဖြစ်သလို လက်ရှိမှာ ကယ်ဆယ်ရေးလုပ်မည့်သူလည်း မရှိပဲ မီးသတ်ဌာနတစ်ခုလုံးလည်း ပြိုကျပျက်စီးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Comment