MENU

Fun & Interesting

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media 422,850 10 hours ago
Video Not Working? Fix It Now

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာအနီးက စစ်ကောင်စီတပ်စခန်းနဲ့ မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမှာရှိတဲ့ နတ်ရေကန်ဗျူဟာစစ်ကောင်စီတပ်စခန်းတို့ကို အာရက္ခတပ်တော် AAနဲ့ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကာကင်းစခန်းတချို့ကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ - ပဲခူးတိုင်း၊ ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံက ဒဏ်ရာပြင်းထန်တဲ့စစ်သားတွေကို မင်္ဂလာဒုံဆေးရုံကို ပို့ဆောင်ဖို့ ပြည်ဒကစမှ ယာယီ ဒကစမှူးက စစ်ကားတွေနဲ့ မပို့ရဲဘဲ ကြောက်လန့်နေတဲ့အတွက် ပရဟိတ အသင်း ၂၈ သင်းကို ပို့ဆောင်ခိုင်းနေတယ်လို့ ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်၊ ဆုံကုန်းရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲချခဲ့ရာ လက်ရှိအချိန်အထိ အလောင်း ၁၀ လောင်းရရှိထားပြီး ကျန်ရှိအလောင်း တွေကို ဆက်လက်ရှာဖို့ လေယာဉ်အန္တရာယ်ရှိနေတဲ့အတွက် အလုပ်မတွင်ကျယ် သေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Comment