Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့ဘဲ မြန်မာ ကြူအာ ဒီဂျစ်တယ် ငွေပေးငွေယူ စနစ်ကို စတင်လိုက်ပြီး သူတို့စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို လစာပေးတာ အပါအဝင် ဘတ်ဂျက်လိုငွေပြမှုနဲ့ စီမံကိန်းအသုံးစရိတ်တွေအထိ အဲဒီ ဒီဂျစ်တယ် ငွေကြေးစနစ်ကိုသာ အစားထိုးသုံးပြုရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
-ရန်ကုန်မြို့က ဒေါပုံမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီအတွက် စစ်မှုထမ်းစာရင်း လိုက်ကောက်နေ တဲ့အချိန် ဓါတ်ဆီနဲ့လောင်းပြီး မီးရှို့ခံရတဲ့ ရာအိမ်မှူး နှုတ်ခမ်းမွှေးဆိုသူဟာ မီးလောင်ဒဏ်ရာတွေနဲ့ ဆေးကုနေတဲ့အချိန် ရုတ်တရက်အဖျားတက်ပြီး အသက်ပါထွက်သွားပြီလို့ ဒေသခံ ပြည်သူ တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မွန်ပြည်နယ် ရေးမြို့နယ်က ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက် စစ်ဆေးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအပါအဝင် စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်တဲ့ သူတွေကို ဖမ်းမိရင်တော့ ပြန်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။