Khit Thit သတင်းဌာန၏ မတ် ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit သတင်းဌာန၏ မတ် ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-လာမယ့်ကာလတွေမှာ အချင်းချင်းအကြား စုစည်းညီညွတ်မှု အရေးကြီးတယ်လို့ မြောက်ပိုင်းညီနောင်မဟာ မိတ် ၃ ဖွဲ့မှ AA နဲ့ TNLA တို့က ကိုးကန့် MNDAA ရဲ့ ၃၆ နှစ်မြောက်အဖြစ် အထိမ်းအမှတ်သ၀ဏ်လွှာမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
- အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ စစ်တပ်နဲ့ ဆက်သွယ်နေတဲ့ ဟိုတယ်တွေ၊ မိုတယ်တွေ၊ လုပ်ငန်းတွေ၊ နေအိမ်တွေနဲ့ စစ်တပ်ဘက်တော်သား စီးပွားရေးသမားတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို AA က ချိပ်ပိတ်လိုက်ပြီလို့ သိရပါတယ်။
- အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားနဲ့ ဘီလာရုစ်ခရီးစဉ်အပြီး တရုတ်နိုင်ငံရဲ့ အာဆီယံ ရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက နေပြည်တော်ကို ရောက်လာပြီး စစ်ကောင်စီ နိုင်ငံခြားဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။