MENU

Fun & Interesting

ဗန်းမော်တိုက်ပွဲမှာ လက်နက်များစွာ KIA သိမ်းမိ... တနသာၤရီမြို့နယ်က စစ်သား ၇ ဦး PDF ထံ အလင်းဝင်...

Htet Aung Kyaw 36,852 3 weeks ago
Video Not Working? Fix It Now

ဗန်းမော်တိုက်ပွဲမှာ လက်နက်များစွာ KIA သိမ်းမိ... တနသာၤရီမြို့နယ်က စစ်သား ၇ ဦး လက်နက်နဲ့အတူ PDF ထံ အလင်းဝင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ... ၂၁ ဖေဖော်ဝါရီ ၂၁၂၅ ဗန်းမော်မြို့ အခြေစိုက် စကခ ၂၁ ဘေးရှိ ခလရ ၂၃၆ စခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု များတယ်၊ လက်နက်များစွာ သိမ်းမိပြီး လက်နက်ချသူ ၇၀ ခန့်ရှိတယ်လို့ 7 Stars News က ဖော်ပြပါတယ်။ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက ခလရ ၂၃၆ ကို ဖေဖော်ဝါရီ ၁၈ မှာ ထိုးစစ်ဆင်ပြီး ၁၉ မှာ သိမ်းတယ်၊ ၂၀ မနက်ပိုင်းကျမှ အပြီးသတ် နယ်မြေရှင်းနိုင်ပါတယ်။ ဒရုန်းတွေ၊ လက်နက်ကြီးတွေ အပါအဝင် လက်နက်မျိုးစုံ ဒါဇင်နဲ့ချီ သိမ်းမိထားတာကိုလည်း တွေ့ရပါတယ်။ ခလရ ၂၃၆ က အရာရှိတွေအပြင် စကခ ၂၁ ထဲက စစ်တပ် အရာရှိကြီးတွေပါ ဒဏ်ရာရပြီး ဦးဆောင်မှု မပေးနိုင်တော့တဲ့အတွက် အခုလို စစ်သား ၇၀ ကျော် လက်နက်ချတာလို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ အဓိက ခံစစ်နေရာ စကခ ၂၁ ဘေးရှိ ခလရ ၂၃၆၊ အမတ ၃၆၆၊ အမှတ် ၆၀၀၇ သံချပ်ကာတပ်ရင်း၊ အမှတ် ၅၀၀၄ တင့်ကားတပ်ရင်းနဲ့ လေယာဉ်ကွင်း စခန်းတွေ အားလုံးကို သိမ်းပြီးဖြစ်တာကြောင့် အခုဆိုရင် စကခ ၂၁ ဝင်းထဲအထိ ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်နေပြီဖြစ်ပါတယ်။ ဒါ့အပြင်... - TNLA - ထိန်းချုပ်ဒေသ နောင်ချိုမြို့ ဘူတာရပ်ကွက်နဲ့ မြို့နယ်ဆေးရုံကို စစ်လေယာဉ်က ဗုံးကြဲတာကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ... - စစ်တွေမြိုကို AA (အာရက္ခတပ်တော်) က လက်နက်ကြီးနဲ့ ပစ်ခတ်ချိန်မှာ ဒဏ်ရာရလို့ ကုတင် ၁၀၀ စစ်ဆေးရုံမှာကုသနေတဲ့ စစ်သား ၃၈ ဦးထဲက ၃ ဦး သေဆုံး... - ဆားလင်းကြီးမြို့နယ်ရှိ စစ်တပ်ပိုင် ကြေးနီ စီမံကိန်းကို ကုန်ကြမ်းလာပို့တဲ့ စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ လုံခြုံရေးလိုက်ပေးတဲ့ စစ်သား ၅ ဦး ထိမှန်ပြီး Non CDM ဝန်ထမ်း ၃ ဦးကို လက်ရဖမ်းမိ... - တင်္နသာရီမြို့နယ် အခြေစိုက် ခမရ ၅၅၈ က စစ်သားသစ် ၇ ဦး လက်နက်ကြီး လက်နက်ငယ် ၇ လက်နဲ့အတူ PDF ဗျူဟာ ၃၃ ဒေါန တပ်ရင်းထံ အလင်းဝင်လာ... ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ #BNN သတင်း အင်တာဗျူး youtube ချယ်နယ် ⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Comment