MENU

Fun & Interesting

ထိုင်းနယ်စပ်က တာလယ် စခန်း KNLA သိမ်းပိုက်ဟု သတင်းထွက်... AA နဲ့ TNLA ထိန်းချုပ်မြို့တွေကို စစ်တပ်...

Htet Aung Kyaw 34,456 5 days ago
Video Not Working? Fix It Now

ထိုင်းနယ်စပ်က တာလယ် စခန်း KNLA သိမ်းပိုက်ဟု သတင်းထွက်... AA နဲ့ TNLA ထိန်းချုပ်မြို့တွေကို စစ်တပ်က ဗုံးကြဲ...နောက်ဆုံးရ တိုက်ပွဲသတင်းများ ... ၁၄ မေ ၂၀၂၅ ထိုင်းနယ်စပ်နဲ့ ၇ ကီလိုမီတာခန့် အကွာရှိ ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့နယ်က တာလယ် (Tale) စခန်းကို စစ်ကောင်စီ လေယာဉ်တွေက ဗုံးကြဲနေတဲ့အတွက် မေ ၁၃ ရက် မနက်မှာ ထိုင်းစစ်တပ်က နယ်စပ်မှာ လက်နက်ကြီးတွေ ဆင်ပြီး တပ်လှန့် နေရာယူထားတယ်လို့ Khaosod သတင်းက ဖော်ပြပါတယ်။ မဲဆောက်မြို့နယ် Mae Tan ရွာမှာ ထိုင်းဘက်က နေရာယူ စောင့်ကြည့်နေတာဖြစ်ပြီး တာလယ် စခန်းကို KNLA တပ်မဟာ ၇ နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။ (မေ ၁၃ ညပိုင်းမှာ တာလယ်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်နေပေမယ့် KNLA ဖက်က သတင်းမထုတ်ပြန်သေးပါ) ဒါ့အပြင်... - မင်းလှမြိုနယ်၊ ပဲခူးရိုးမဘက်က စိန်ကန့်လန့်-မြို့ချောင်း လမ်းပေါ်ရှိ ဟိုင်းယု စစ်ကောင်စီ စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အခါ မတိုက်ခင် စခန်းစွန့်ခွာထွက်ပြေးသွား... - ရေစကြိုမြိုနယ်၊ ဆင်ချောင်း ပျူစောထီး ကျေးရွာကနေ ထွက်လာတဲ့ အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၂၇ ဦး သေ၊ ၃၀ နီးပါး ဒဏ်ရာရ... - TNLA ထိန်းချုပ်ဒေသ မန်တုံမြို့နဲ့ မိုင်းငေါ့မြို့ကို မေ ၁၂ ရက် ည ၁၁ နာရီခန့်မှာ စစ် လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၂၇ လုံး ပျက်စီး... - AA ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ် ထွန်းရဝေ ကျေးရွာ (ဟောင်း) ကို မေ ၁၃ ရက် မနက် ၁၀ နာရီခန့်မှာ စစ် လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ... - ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်မယ့် ထားဝယ် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရုရှားစကားပြောသင်တန်း ဖွင့်ဖို့ တနင်္သာရီတိုင်း အစိုးရက စီစဉ်နေ... ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ #BNN သတင်း အင်တာဗျူး youtube ချယ်နယ် ⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Comment