သမထနှင့်ဝိပဿနာတရားတော် ကို ဟောကြားတော်မူအပ်သော ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသအား ရိုသေလေးမြတ်စွာဖြင့် ပူဇော်ကန်တော့အပ်ပါသည် အရှင်ဘုရား။ တရားတော်ကို ရေးသားပြုစုသူ နှင့် မျှဝေသူ (၇) ရက်သားသမီးများကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ဤ စာဖတ် Video ဖိုင် ပြုလုပ်ရခြင်း ရည်ရွယ်ချက်များမှာ (၁) စာဖတ်ခြင်းအား မှတ်တမ်းတင်ရန်၊ (၂) အကြိမ်ကြိမ် ပြန်လည်နားထောင်လေ့လာနိုင်ရန်၊ (၃) မိမိအသံဖြင့် ဖတ်မှတ်ပူဇော်ထားသောတရားကို မိမိသားနှစ်ယောက် ညအိပ်ရာဝင်တိုင်း နားထောင်နိုင်စေရန်၊ (၄) မိမိအသံဖြင့် ပူဖော်ဖတ်မှတ်မှုများအား အခြားသူများကိုလည်း ပြန်လည်မျှဝေရန် တို့ဖြစ်ပါသည်။