သီချင်းအမည် - အကြင်နာနည်းလှလွန်းသူ
ရေး/ ဆို - ဒိုးလုံး
အထင်မှားမိတယ်မျှော်လင့်ဘဝတစ်ခု
ကိုယ်ရူးမူးမဲ့ကမ္ဘာမြေဝယ်
ရှည်လျားနှစ်တွေ ကိုယ်အပြစ်မဖွဲ့ချင်
ကိုယ်စောင့်စားခဲ့ပေါ့အခြေအနေ
ဟိုး.. ဟိုး
မထူးခြားဘယ်လိုမှ
အိုး.. အိုး..
အကြင်နာနည်းလှလွန်းသူလေးရေ
စိတ်ထဲစွဲနေ တကယ်အမြဲတမ်းချစ်
ကိုယ်မေးခွန်းအတွက်အဖြေညှိရင်း
သူပြောင်းလည်းကာ အို ချစ်မလားလို့
ဒီအသည်းနှလုံးကပျော့မလာပေ
အငြိုးကြီးတဲ့
ကိုယ့်အချစ်ဆုံးရဲ့အကြည့်နဲ့
ဥပက္ခာဝါဒီရယ် မစွန့်လွှတ်နိုင်တဲ့
အသိတဝက်နဲ့ ဖူးပွင့်မလာတဲ့
ပန်းလေးတပွင့်ဟာ
ရက်စက်တာများ ပျောက်ပျက်သွားမလား
အလင်းများလွှမ်းတဲ့ လူ့ဘဝအမှောင်ထဲ
အို……
မထူးခြားဘယ်လိုမှ ..
အို……..
အကြင်နာနည်းလှလွန်းသူလေးရယ်
အဖြူအမည်းမသိတဲ့သက်ပြင်းများအတွက်
ခံစားရတဲ့ဝေဒနာကို
ပင်ပန်းလွန်းတယ် ကိုယ်စွန့်လွှတ်ဖို့
ကိုယ်ကြိုးစားလည်းအဖြစ်ကဆိုး
အငြိုးကြီးတဲ့
ကိုယ့်အချစ်ဆုံးရဲ့အကြည့်နဲ့
ဥပက္ခာဝါဒီရယ် မစွန့်လွှတ်နိုင်တဲ့
အသိတဝက်နဲ့ ဖူးပွင့်မလာတဲ့
ပန်းလေးတပွင့်ဟာ
ရက်စက်တာများ ပျောက်ပျက်သွားမလား
အလင်းများလွှမ်းတဲ့ လူ့ဘဝအမှောင်ထဲ
အိုး.. အိုး ..
မထူးခြားဘယ်လိုမှ
အို.. အိုးး
အကြင်နာနည်းလှလွန်းသူလေးရယ်
အို……
မထူးခြားဘယ်လိုမှ ..
အို……..
အကြင်နာနည်းလှလွန်းသူလေးရယ်