အင်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့နှစ်ယောက်စလုံးက ကြေးစားသေနတ်သမားတွေ၊ နှစ်ယောက်စလုံးက တစ်ယောက်အကြောင်းတစ်ယောက်မသိဘဲ ချစ်ကြိုက်မိကြတယ်။ လက်ထပ်ကြတယ်။ နှစ်အနည်းငယ်ကြာလို့ မစ်ရှင်တစ်ခုအတွက် တာဝန်ယူရမယ့်အချိန်ရောက်မှ လင်မယားနှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက်ဘယ်သူတွေဆိုတာသိလာပြီး၊ ပညာချင်းပြိုင်ကြတဲ့ဇာတ်ကားလေး။ အဲ့ဒီဇာတ်ကားရိုက်နေတုန်းက ဘရက်ပစ်က မိန်းမရှိတယ်။ ရိုက်ကွင်းပေါ်မှာပဲ ဂျိုလီ့ကိုအရမ်းကြိုက်သွားပြီး၊ ဒီဇာတ်ကားလည်းပြီးရော အတူတူနေဖြစ်သွားတဲ့အထိဖြစ်လာတယ်။ ဟောလီဝုဒ်မှာ အားကျရတဲ့စုံတွဲဖြစ်လာတယ်။ သရုပ်ဆောင်ချက်တွေလည်းတော်တော်ကောင်းတယ်။ ကြည့်ရတာတော်တော်တန်တဲ့ရုပ်ရှင်ကားကောင်းလေးပါ။