MENU

Fun & Interesting

တရားခွင်မှာအပြုံးမပျက်တဲ့ ဆယ်ကျော်သက်မလေး - မိခင်ဖြစ်သူကို ဘာလုပ်ခဲ့သလဲ? - Murder Monday #ep28

Story Bears 217,933 5 months ago
Video Not Working? Fix It Now

Follow me on https://www.facebook.com/StoryBearsMM https://www.instagram.com/storybearsmm/ https://www.tiktok.com/@storybearsmm https://t.me/StoryBearsMM ကျွန်တော်တို့တွေ ဒီကောင်မလေးကို တစ်တော့ပေါ်မှာ ဖေ့ဘုတ်ပေါ်မှာ မြင်ခဲ့ဘူးကြပါလိမ့်မယ်။ တရားခွင်မှာ တရားရင်ဆိုင်နေရစဉ်မှာ ကင်မရာဘက်ကို တည့်တည့်ကြီးပြီးတော့ ပြောင်သလို နောက်သလို လုပ်ပြခဲ့တဲ့ ကောင်မလေး ငယ်ငယ်ချောချောလေးလေ။ ဒီလိုချစ်စရာရုပ်နဲ့ ဆယ်ကျော်သက်မိန်းကလေးက ဘယ်လိုဖြစ်လို့ တရားခွင်ထဲရောက်ပြီး အခုလို ပြောင်သလို ပြက်သလို လုပ်နေသလဲ။ ပြီးတော့ ဒါ့ထက် ပိုစိတ်ဝင်စားစရာ ကောင်းတာက သူက ဘယ်လိုမှုခင်းကို ကျူးလွန်ခဲ့လို့ ဒီလိုတရားရုံးကို ရောက်နေရသလဲ? ဒီကောင်မလေးရဲ့နာမည်က Isabella Guzman လို့ ခေါ်ပါတယ်။ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုက တော်တော့်ကို ကြောက်စရာကောင်းတာပါ။ သူ့ရဲ့ မိခင်ဖြစ်သူကို သူရဲ့ လက်နဲ့ပဲ ကွယ်လွန်အောင် ရက်ရက်စက်စက် လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မျက်နှာနဲ့ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာ ၇၉ ချက်တိတိနဲ့ ပွဲချင်းပြီး ဘဝပြောင်းသွားခဲ့တာပါ။ ဒီအမှုအကြောင်းကို တချို့တဝက်လောက်ပဲဖြစ်ဖြစ် မြင်ဖူးကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒီအမှုကျူးလွန်ခဲ့စဉ် Isabella ရဲ့ အသက်က ၁၈ နှစ်ပဲ ရှိသေးတာဖြစ်ပါတယ်။ ၁၈ နှစ်အရွယ် ကလေးမလေး တစ်ယောက်က ကိုယ့်မိခင်အရင်းဖြစ်သူကို ဘာအကြောင်းရှိလို့ အခုလို ရက်ရက်စက်စက် ပြုမူခဲ့ရသလဲ? သူ့မိသားစုအကြောင်းနောက်ခံကရော ဘယ်လို သဘောတရား ရှိသလဲ? အမှုဖြစ်ပျက်ခဲ့ပုံ အသေးစိတ်နဲ့ Isabella ကို ဘယ်လိုဖမ်းမိခဲ့တယ်။ ဒါတင်မကဘဲ လူသိနည်းတဲ့ အကြောင်းတစ်ခုဖြစ်တဲ့ သူ့ကိုရဲစခန်းမှာ စစ်မေးချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ နောက် တရားခွင်မှာ တရားစီရင်မှုအကြောင်းအရာနဲ့ ဒီအမှုအတွက် သူ့ရဲ့ ပြစ်ဒဏ်က ဘာဖြစ်မလဲ၊ အခုလက်ရှိအခြေအနေမှာ Isabella က ဘာဖြစ်နေပြီလဲဆိုတာကို ကျွန်တော်တို့ရဲ့ Murder Monday အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ။ Story Bears ရဲ့ ပင်ကိုထုံးစံအတိုင်း ခရေစေ့တွင်းကျ အသေးစိတ် တင်ဆက်ပေးသွားမှာဖြစ်လို့ အားပေးကြပါဦးခင်ဗျာ။ အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ Story Bears ပုံပြင်ပြောသောဝက်ဝံများ Youtube ချန်နယ်ကနေ ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်ကတော့ Polar Bear ပဲ ဖြစ်ပါတယ်ခင်ဗျာ။ ပထမဆုံးအနေနဲ့ Isabella Guzman ရဲ့အကြောင်းနဲ့ သူ့ရဲ့ မိဘတွေအကြောင်းကို နည်းနည်းလေးလောက် ပြောပြပါရစေ။ မိခင်ဖြစ်သူရဲ့ အမည်က Yun-Mi Hoy ဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ အမည်က Robert Guzman ဖြစ်ပါတယ်။ Isabella ကို ဇွန်လ ၁၉၉၅ ခုနှစ်ထဲမှာ အမေရိကန်နိုင်ငံ Colorado ပြည်နယ်က Aurora ဆိုတဲ့ဒေသမှာ မွေးဖွားခဲ့ပါတယ်။ မွေးနေ့အတိအကျကိုတော့ ထုတ်ပြန်ထားတာမျိုး မတွေ့ခဲ့ရပါဘူး။ သူ့အသက် ၃ နှစ်အရွယ်ကိုရောက်တော့ ၁၉၉၈ ခုနှစ်ထဲမှာ သူ့အဖေနဲ့ သူ့အမေက လမ်းခွဲကြတယ်တဲ့။ အဲ့ဒီလိုနဲ့ နောက်ပိုင်းမှာ သူ့အမေက Ryan Hoy ဆိုတဲ့လူတစ်ယောက်နဲ့ လက်ထပ်ခဲ့တော့ သူ့နာမည်က Yun-Mi Hoy ဖြစ်သွားတာပေါ့။ Isabella ကတော့ သူ့အမေနဲ့ နောက် သူရဲ့ပထွေးနဲ့ ကြီးပြင်းလာခဲ့တယ်ပေါ့လေ။ အမေဖြစ်သူက သူ့ဖခင်ရင်းဖြစ်သူနဲ့ လမ်းခွဲခဲ့တာကြောင့်လား၊ ဒါမှမဟုတ် နောက်အိမ်ထောင်ပြုခဲ့တာ ကြောင့်လား သို့မဟုတ် နှစ်ခုလုံးကြောင့်လားမပြောတတ်ပေမယ့် Isabella နဲ့ သူ့အမေ ယွန်းမီရဲ့ ဆက်ဆံရေးကတော့ ကောင်းလှတယ် မဟုတ်ပါဘူး။ အဲ့ဒီလို ငယ်ငယ်ရွယ်ရွယ် အရွယ်မှာကတည်းက Isabella က သူ့အမေကို ပြန်ခံပြောတာမျိုးတွေ မရိုမသေအော်ဟစ်ပြောဆိုတာမျိုးတွေ အများကြီး ရှိတယ်တဲ့။ အဲ့ဒါက ဘယ်လောက်တောင်ဆိုးလာသလဲဆိုရင် Isabella အသက် ၇ နှစ်အရွယ်မှာ သူ့အမေဖြစ်သူက ဘယ်လိုမှ မထိန်းနိုင်ဖြစ်လာတဲ့အတွက်ကြောင့်မို့ သူ့အဖေအရင်းဖြစ် Robert ဆီ သွားနေဆိုပြီး ပို့ထားရတဲ့အထိပဲတဲ့။ သူ့အဖေအရင်းဖြစ်နဲ့ Robert နဲ့လည်း အဆင်ပြေလှတယ်မဟုတ်ပေမယ့် သူ့အမေနဲ့စာရင်တော့ မဆိုးဘူးဆိုတဲ့ အနေအထားမှာ ရှိတယ်ပေါ့လေ။ အဲ့လိုသွားနေဖြစ်တဲ့အချိန်တွေမှာ သူ့အမေကို မုန်းတဲ့စိတ် ဒေါသထွက်တဲ့ စိတ်များ လျော့သွားမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားထားခဲ့တာပေါ့လေ။ ဒါပေမယ့်လည်း ဟိုမှာနေတော့လည်း သိပ်မထူးပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ Robert ကလည်း နောက်အိမ်ထောင်ပြုထားတာ ဖြစ်နေတော့ Robert ကိုရော Robert ရဲ့နောက်အိမ်ထောင်ကိုပါ အဲ့လို ကလန် ကဆန်ပြောတာတွေ စကားနားမထောင်တာတွေက ဖြစ်နေတုန်းပေါ့လေ။ အဲ့လိုနဲ့ Isabella အသက် ၁၄ နှစ် ဆယ်ကျော်သက်အရွယ်မှာ သူ့အမေဆီကို ပြန်လာနေဖြစ်ခဲ့တယ်။ ဒါပေမယ့် သူ့အမေဖြစ်သူ ယွန်းမီမျှော်လင့်ထားသလိုမျိုး ဒီသားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးက ပြန်ကောင်းမလာခဲ့ပါဘူး။ 7 နှစ်လောက် ခွဲနေခဲ့ရပေမယ့်လည်း Isabella ရဲ့အချိုးတွေက ပြောင်းမသွားခဲ့ဘူးပေါ့။ အဲ့လိုနဲ့ နောက်ပိုင်းမှာ သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးက အဲ့ဒီနောက်ပိုင်းမှာ ပိုပြီးတော့ ဆိုးဝါးလာတဲ့ အခြေအနေဘက်ကို ရောက်လာခဲ့ပါတယ်။ ဒီအခြေအနေကြီးတစ်ခုလုံးက ယွန်းမီအတွက်ရော Ryan အတွက်ရော တော်တော်ကို ခက်ခဲတာပေါ့လေ။ အထူးသဖြင့် ယွန်းမီပေါ့လေ။ သူ့သမီးလေးကို သူက ချစ်ပေမယ့်လည်း သူ့သမီးဖြစ်သူက သူ့ကို စကားတောင် ကောင်းကောင်းမွန်မွန်မပြောတော့ ဘယ်လောက်တောင် ခက်ခဲမလဲနော်။ ဒီတစ်ခေါက်ပြန်လာနေဖြစ်တဲ့နောက်ပိုင်းမှာ Isabella တစ်ယောက် သူ့အမေဆီမှာ နေလိုက်၊ ပြီးတော့ သူ့ အဖေဆီကို ခဏသွားနေလိုက် အဲ့လိုမျိုးနေဖြစ်နေတာပေါ့လေ။ ဆယ်ကျော်သက်ကောင်မလေး ဖြစ်လာတော့ ခလေးမလေးက ရည်းစားလည်း ထားတတ်လာတာပေါ့လေ။ Isabella အသက် ၁၅ နှစ်လောက်မှာ Tony လို့အမည်ရတဲ့ ကောင်လေး တစ်ယောက်နဲ့ တွဲဖြစ်ခဲ့ကြပြီး နှစ်ယောက်သား သုံးနှစ်နီးပါးလောက် တွဲခဲ့ကြပါတယ်။ တခါတလေမှာ ကောင်လေးက Isabella ရဲ့ မိဘတွေအိမ်မှာ မရှိတဲ့အခါမျိုးမှာဆိုရင် အိမ်ကိုလာလည်တတ်တယ်။ အဲ့လို လည်တဲ့အခါမျိုးမှာ အိမ်ရှေ့ပေါက်က မဝင်ဘဲ ခြံစည်းရိုးကို ကျော်ပြီး ခိုးကြောင်ခိုးဝှက် ဝင်တာမျိုးတွေ ရှိတော့ အိမ်နီးနားချင်းတွေက သူခိုးဝင်တယ်မှတ်လို့ ရဲတွေကိုတောင် အကြောင်းကြားခဲ့ရတဲ့ အခြေအနေမျိုးထိကို ရှိခဲ့တယ်။ ကြည့်ရတာ မိဘတွေမသိအောင် ကောင်လေးကို အိမ်ခေါ်တွေ့တာမှာ ကောင်လေးကလည်း ခိုးဝင်တာမျိုး ဖြစ်မှာပေါ့လေ။ အဲ့တော့ ဘေးအိမ်ကလူတွေက ရဲတိုင်တာကို ခံရတာပေါ့လေ။ #myanmar #storybears #storybearsmm #murdermonday

Comment