MENU

Fun & Interesting

ခေါင်းဖြ_တ်ဖို့ စီရင်ချက်ချခံခဲ့ရတဲ့ လူသတ်သမား ထိုင်းဘုန်းကြီး - Murder Monday - #ep4

Story Bears 46,544 1 year ago
Video Not Working? Fix It Now

၁၉၁၉ ခုနှစ်မှာ ထိုင်းဘုန်းကြီးတစ်ပါးကို လူသတ်မှုနှစ်ခု ကျူးလွန်ခဲ့တဲ့အတွက် ခေါင်းဖြ_တ်ဖို့ စီရင်ချက်ချခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့သမိုင်းမှာ အဲ့ဒီစီရင်ချက်ချခဲ့တဲ့ နောက်ဆုံး တရားခံဖြစ်ခဲ့ပါတယ်။ ဒီစီရင်ချက်နဲ့ လိုက်ညီအောင်ပဲ ဒီဘုန်းကြီးဟာ ယုတ်မာရက်စက်မှု ကမ်းကုန်ခဲ့ပါတယ်။ ဒီဘုန်းကြီးဟာ ဘုန်းကြီးနာမည်ခံပြီး မကောင်းမှုမျိုးစုံကို ကျူးလွန်နေသူ တစ်ဦးဖြစ်ပါတယ်။ အရက်သေစာ သောက်စားယစ်တတ်သလို လောင်းကစားနဲ့ မိန်းမကိစ္စ ပွေလီသူတစ်ဦးအဖြစ်လည်း လူသိများပါတယ်။ ဒါပေမယ့် ဒီဘုန်းကြီးက အောက်လမ်းပယောဂအတတ်တွေ ကျွမ်းကျင်တဲ့အပြင် ပီယဆေးပါ စပ်နိုင် ဖော်နိုင်တယ်လို့ သတင်းကြီးတဲ့အတွက် ကိုးကွယ်ဆည်းကပ်တဲ့သူတွေ အတန်းလွှာပေါင်းစုံက ရှိခဲ့ပါတယ်။ ချောမောလှပတဲ့ မိန်းကလေးတွေကို သူ့စိတ်ကြိုက် အသုံးပြုပြီး လက်စဖျောက်တတ်သလို ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးတွေကိုလည်း သူ့ရဲ့ ပယောဂပညာနဲ့ ပြုစားတတ်တယ်ဆိုပြီး နာမည်ကြီးပါတယ်။ သူ့ကို ထိုင်းနိုင်ငံရဲ့ နဂိုမူလ သံသေတ္တာ လူသ_တ်သမားလို့လည်း လူတွေက ခေါ်ကြပါတယ်။ သူအသက်ဖျောက်ပြီးတဲ့ သူတွေရဲ့ အလောင်းကို အစိတ်စိတ်အပိုင်းပိုင်း လုပ်ပြီး သံသေတ္တာထဲ ထည့်ပြီး ကျောက်ဖယားဖြစ်ထဲနဲ့ ဘန်ကောက်မြို့တဝိုက်က ရေနှုတ်မြောင်းတွေထဲ စွန့်ပစ်ခိုင်းတတ်ပါတယ်။ သူနဲ့ သူ့တပည့်တွေရဲ့ လက်ချက်နဲ့ လူပေါင်း ၇ ယောက် အနည်းဆုံး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဘုန်းကြီးရဲ့ ငယ်ဘဝ၊ ပယောဂပညာကို လေ့လာဆည်းပူးခဲ့ပုံတွေ၊ ယုတ်မာပုံတွေနဲ့ ဖမ်းမိခဲ့ပုံ၊ တရားစီရင်ချက်ချခဲ့တဲ့အကြောင်းအရာတွေကို ပြောပြပေးထားပါတယ်။ https://truecrimethailand.substack.com/p/iron-chest-killers-boonpeng-and-ice-heep-lek #murdermonday #StoryBearsMM #StoryBears #Myanmar #Murder

Comment