ကြပ်ပြေးနန်းတွင်း အရှုပ်တော်ပုံ (အမှတ် ၁ မှ အမှတ် ၂၆ထိ၊ စ/ဆုံး) Network for Democracy & Development
ကြပ်ပြေးနန်းတွင်း အရှုပ်တော်ပုံ
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (NDD)၊
သုသေသနနှင့် မှတ်တမ်းတင်ဌာန
အမှာစာ
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (NDD) ၏ သုသေသနနှင့်မှတ်တမ်းတင်ဌာနမှ ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ ခေါင်းစဥ်ဖြင့် အပတ်စဥ်ရေးသားဖြန့်ဝေခဲ့သည့် ပြည်တွင်းသတင်းသုံးသပ်ချက်များကို စုစည်း၍ စာအုပ်အသွင်ဖြင့် ထုတ်ဝေဖြန့်ချီခြင်း ဖြစ်ပါသည်။
သတင်းမှန်များကို ဖုံးကွယ်အမှောင်ချထားလေ့ရှိသည့် စစ်အုပ်စု၏ အတွင်းရေးသတင်းများနှင့် ပြည်တွင်းသတင်းများကို မိမိတို့ ဌာနအနေဖြင့် ရှာဖွေစုဆောင်း မှတ်တမ်းတင်ထားပြီး ထိုသတင်းအချက်အလက်များအပေည် အခြေခံ၍ စစ်အာဏာရှင်စနစ်၏ အတွင်းသရုပ်မှန်များကို တပ်မတော်သားများအပါအဝင် ပြည်သူအများ အလွယ်တကူ လေ့လာသိရှိနိုင်စေရန် သုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။
ဤစာအုပ်ပါ အကြောင်းအရာ အချက်အလက်များသည် မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်မရှိပါ။ သို့သော် စစ်အာဏာရှင်များနှင့် ၄င်းတို့အသိုင်းအဝိုင်း၏ စိတ်နေသဘောထားများ စဥ်းစားတွေးခေါ်ချက်များ လုပ်နည်းလုပ်ဟန်များကို တစုံတရာ လေ့လာသိရှိခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ တွန်းလှန်ဖယ်ရှားရာတွင် အထောက်အကူဖြစ်စေနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
သုသေသနနှင့်မှတ်တမ်းတင်ဌာန
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (NDD)
၂၀၀၉ ခုနှစ်၊ ဇွန်လ(၉)ရက်။
______________________________
မင်္ဂလာပါခင်ဗျား။
ကျွန်တော့် ချန်နယ်မှ တင်ဆက်ပေးသည့် Video များမှာ (လူစိတ်ဝင်စားအောင်ပေးထားသည့် ခေါင်းစဥ်တချို့မှလွဲ၍) စာရေးဆရာ ရေးသားထားသည့်အတိုင်း တင်ဆက်ပေးထားခြင်းပဲ ဖြစ်ပါသည်။
နိုင်ငံအတွင်းမှာ ရှိသည့် မိမိလူမျိုးများကို သမိုင်းအကြောင်းအရာများအား သိစေလိုရင်း ရည်ရွယ်ချက်ဖြင့် တင်ဆက်ပေးခြင်း ဖြစ်ပါသည်။
ဒီဘက်ခေတ်လူအများသည် အကြောင်းကြောင်းကြောင့် စာဖတ်ဖို့ အခက်အခဲများစွာ ရှိနေကြပါသည်။ ဒါကြောင့်သာ ယခုလို စာအုပ်များကို ဖတ်ပြတင်ဆက်ပေးခြင်းဖြစ်ပါသည်။
ဒီလိုဖတ်ပြသည့်အခါ စာရေးဆရာကို ဆက်သွယ်၍ ခွင့်ပြုချက်တောင်းရန်ဆိုသည်မှာ လွယ်မယောင်နှင့် ခက်ပါသည်။ ဆက်သွယ်ရန် ကြိုးစားခဲ့သည်များလည်း ရှိပါသည်။ အခက်အခဲများကြောင့် ဆက်သွယ်၍ မရခဲ့ပါ။
ဆက်သွယ်ပြီး ဆရာကြီးများ၏ ခွင့်ပြုချက်ယူပြီးမှ ဖတ်ပြရမည်ဟု ယတိပြတ်ဆိုလျှင် ယနေ့တိုင်းပြည်အခြေအနေအရ သိသင့်သည့် အသိပညာများကို လူအများ သိရှိဖို့ နောက်ကျသွားမည်ကိုစိုးသဖြင့် ခွင့်ပြုချက်မဲ့ တင်ဆက်မိပါသည်။ ယခုလို တင်ဆက်မိသည့်အတွက် အပြစ်ဟု ဆိုပါလျှင် မိမိတိုင်းပြည်နှင့်လူမျိုးအတွက် အသိဉာဏ်ပေးချင်လွန်းအားကြီးပြီး သိသိလျက်နှင့် မှားမိသော အမှားသာ ဖြစ်ပါကြောင်း ဆရာ့ ဆရာကြီးများကို ရိုသေစွာ ဝန်ချတောင်းပန်ရင်း...
အားလုံးကိုလေးစားလျက်
The Book Reader
ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ
0:00:33 အမှတ် ၁
0:14:08 အမှတ် ၂
0:25:42 အမှတ် ၃
0:38:59 အမှတ် ၄
0:53:38 အမှတ် ၅
1:05:44 အမှတ် ၆
1:22:01 အမှတ် ၇
1:33:28 အမှတ် ၈
1:46:56 အမှတ် ၉
2:03:47 အမှတ် ၁၀
2:17:00 အမှတ် ၁၁
2:26:40 အမှတ် ၁၂
2:41:09 အမှတ် ၁၃
2:52:00 အမှတ် ၁၄
3:08:45 အမှတ် ၁၅
3:17:32 အမှတ် ၁၆
3:27:02 အမှတ် ၁၇
3:40:11 အမှတ် ၁၈
3:52:32 အမှတ် ၁၉
4:06:23 အမှတ် ၂၀
4:19:55 အမှတ် ၂၁
4:29:08 အမှတ် ၂၂
4:36:13 အမှတ် ၂၃
4:47:00 အမှတ် ၂၄
4:56:11 အမှတ် ၂၅
5:06:26 အမှတ် ၂၆
#ကြပ်ပြေး #ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ #သန်းရွှေ #ခင်ညွန့် #မောင်အေး #သီဟသူရတင်အောင်မြင့်ဦး #အတွင်းရေးမှူးတင်ဦး #သူရရွှေမန်း #မင်းအောင်လှိုင် #ကျော်ဆန်း #ဦးအောင်သောင်း #အကျင့်ပျက်မြန်မာစစ်ဗိုလ်ချုပ်များ
#thebookreader