ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၅
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ရဲ့ တာဝန်ရှိသူတွေ ဧပြီလ ၁၈ ရက်နေ့မှာ အွန်လိုင်းကတဆင့် တရားဝင် ဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မလေးရှားဝန်ကြီးချုပ်နဲ့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဝန်ကြီးချုပ်ရုံးနဲ့ အမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌနဲ့ NUG အစိုးရတာဝန်ရှိသူတို့ တရားဝင်ကြေညာပြီး တွေ့ဆုံတဲ့ ပထမဆုံး ဆွေးနွေးပွဲ ဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟာ NUG နဲ့ မတိုင်ခင် ရှေ့တရက်က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
တဘက်မှာလည်း ငလျင်ဒဏ်ကြောင့် NUG ရော စစ်ကောင်စီရော အပစ်အခတ်ရပ်စဲရေး ကြေညာချက်တွေဟာ ရက်ကျော်သွားပြီ ဖြစ်ပါတယ်။
စစ်ကောင်စီ၊ မလေးရှားဝန်ကြီးချုပ်နဲ့ NUG တို့ ဆွေးနွေးခဲ့ကြရာမှာ ဘာတွေသဘောတူညီခဲ့ကြလဲ ဆိုတဲ့ အကြောင်းတွေနဲ့ပတ်သက်ပြီး ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #အန်နဝါအီဘရာဟင် #မလေးရှား #မန်းဝင်ခိုင်သန်း #ဒေါ်ဇင်မာအောင် #NUG #WhathappensInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR