MENU

Fun & Interesting

နိမ္မိတာရုံဆရာတော်ရဲ့ တာဝန်မကျေတဲ့ တပည့်သံဃာတွေ (OPINION/ရုပ်သံ)

Video Not Working? Fix It Now

နိမ္မိတာရုံဆရာတော်ရဲ့ တာဝန်မကျေတဲ့ တပည့်သံဃာတွေ (OPINION/ရုပ်သံ) ====================================== ဝိနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ရဲ့ အရိုးပြာကို စစ်တောင်းမြစ်အတွင်း ရေမျှောပူဇော်ခြင်းအမှု ပြုပြီးနောက် ဘာဆိုဘာမှမဖြစ်ခဲ့ဖူးသလို ပြီးဆုံးလိုက်ကြလေတော့နေပြည်တော်စစ်ဗိုလ်ချုပ်တွေက ဟား တိုက်နေမှာ အသေအချာပေါ့။ ဇွန်၁၉ရက်၊  ဝိနိမ္မိတာရုံဆရာတော် ငါန်းဇွန်မှာ စစ်တပ်ပစ်ခတ်လို့ ပွဲချင်းပြီး ပျံလွန်ခဲ့ပြီးနောက် ဇွန်၂၀ရက်မှာ ဝိနိမ္မိတာရုံဆရာတော်နဲ့အတူရှိနေတဲ့ ကန်သုံးဆင့်ဆရာတော်ရဲ့ရဲရင့်တဲ့သီလကြောင့် သတ် ဖြတ်ခံရခြင်း အဖြစ်မှန် ကို သိရှိ။မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေရော သံဃာတော်တွေပါအစွမ်းကုန် တောက်လောင်ခဲ့ကြပေမဲ့ သိပ်မကြာ အရိုးပြာ ရေမျှောပူဇော်ပြီးတဲ့အခါ အသံတွေလည်း တိတ်သွားလိုက်ကြတာ အခုဆိုရင် ၅လကျော်ကြာ။အထူးပြုညွှန်းရမှာက ထေကြီးဝါကြီး ဝိနိမ္မိတာရုံကျောင်းတိုက်ဆရာ တော် ကြီးရဲ့မြောက်မြားစွာသော တပည့် သံဃာတွေ။ ဝိနိမ္မိတာရုံဆရာတော်ရဲ့ အန္တိမဈာပနသို့ ကြွလာတဲ့သီတဂူဘုန်းကြီးက “ပြင်မရတော့တဲ့ ဒီအမှားကို၊ တစ်စုံတစ်ယောက်မှားတဲ့ ဒီအမှားကို သံဃာတော်တွေက အားပေး မိရာမရောက်အောင်၊ ထပ်ပြီးတော့လည်း မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား’’လို့ ဆိုတယ်။ ဝိနိမ္မိတာရုံဆရာတော်ရဲ့ တပည့်သံဃာတွေ သီတဂူဘုန်းကြီးရဲ့အမှာတော်အတိုင်း လက်ခံလိုက်ကြ တဲ့ပုံ။ဘယ်သူတွေက မပြီးသေးဘူးဆိုဆို ငါတို့ကတော့ သည်းခံ ခွင့်လွှတ် မေ့ပျောက်လိုက်ကြမယ်လို့ ကိုယ်စီ အ သံမထွက်ဘဲ တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြပုံ၊တစ်စွန်းတစ်စသော အသံပင် မထွက်တော့။ သီတဂူဘုန်းကြီး ပြောတဲ့ တစ်စုံတစ်ယောက်မှားတဲ့အမှားဆိုတာက အောက်ခြေအဆင့် စစ်သားတွေ ရဲ့အမှား၊စစ်ကောင်စီအမှားမဟုတ်ဘူးလို့ ဆိုလိုချင်ပုံရတယ်။တကယ်တမ်းသာ စစ်ကောင်စီဘက်က ရိုးရိုးသား သားအောက်ခြေစစ်သားတွေရဲ့ မဆင်မခြင်ပစ်ခတ်မှုကြောင့် ဝိနိမ္မိတာရုံဆရာတော်ဘုရား ပျံလွန်သွားတဲ့အ တွက်ရှိခိုးဦးချတောင်းပန်ပါကြောင်း ချက်ချင်းထုတ်ပြန်ခဲ့ရာ ပြဿနာကသိပ်ကြီးလိမ့်မယ်မထင်။ ~~~~ လင်းခေတ်ရေးသားတဲ့ “နိမ္မိတာရုံဆရာတော်ရဲ့ တာဝန်မကျေတဲ့ တပည့်သံဃာတွေ ” အတွေးအမြင် ဆောင်းပါးကို နွေဦးမောင်မောင် ရွတ်ဖတ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ ငွေမောင်းသံ ပရိတ်သတ်ကြီး နားဆင်ကြည့်ရှုနိုင်ကြဖို့ တင်ဆက်လိုက်ရပါတယ်။ #ငွေမောင်းသံ မီဒီယာ

Comment