MENU

Fun & Interesting

၂၀၂၅ ကို အဓိပ္ပါယ်ဖွင့်ဆိုမယ့် အညာသား​PDFများ | People's Spring

People's Spring 202,595 1 month ago
Video Not Working? Fix It Now

၂၀၂၅ ကို အဓိပ္ပါယ်ဖွင့်ဆိုမယ့် အညာသား​PDFများ ရှိန်း/People's Spring ရှမ်းပြည်နယ် မြောက်ပိုင်း က ၁၀၂၇ စစ်ဆင်​ရေးမှာ ​​တော်လှန်​ရေးတပ်​တွေနဲ့ အတူ သွား​ရောက်တိုက်ခိုက်ခဲ့ တဲ့ အညာ​ဒေသက PDF ​တွေဟာစစ်ပညာ​တွေ သင်ယူလာပြီး ​ပြန်​ရောက်ကြပြီ ဖြစ်လို့ အာဏာသိမ်းစစ်​တပ်ကို အရှိန်မြှင့်တိုက်ခိုက်ဖို့ စိတ်အားထက်သန်​နေကြပြီဖြစ်ပါတယ် ။ အညာ ​ဒေသက PDF ​တွေ ၁၀၂၇ စစ်ဆင်​ရေး နဲ့ ရှမ်း-မန်း စစ်ဆင်​ရေး​တွေက ဘာ​တွေသင်ယူတက်​မြောက်လာသလဲ လို့​မေးရင် ဝက်လက်မြို့နယ် မှာဇန် နဝါရီ ၅ ရက်​နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲကြီး နှစ်ခုက အ​ကောင်းဆုံးအ​ဖြေ ​ပေးပါလိမ့်မယ် ။ ဇန်နဝါရီ လ(၄)ရက်နေ့မှာ ရွှေဘိုမြို့ အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)ကနေ တပ်မ(၃၃) တပ်အရာရှိတွေဦးဆောင်တဲ့​ထောက်ပို့တပ်က ဟန်လင်းမြို့ဟောင်းဘက်ကတဆင့် ဝက်လက်မြို့ဘက်ကိုထောက်ပို့ဖို့ထွက်လာပါတယ်။တချိန်ထဲမှာပဲ နာမည်ဆိုးနဲ့​ကျော်ကြားတဲ့စစ်ကိုင်းတပ်မ(၃၃) ထဲ စစ်​ကြောင်း ၁ ​ကြောင်းကလည်း မန္တလေး-ရွှေဘိုလမ်းကတဆင့် ဝက်လက်မြို့ရဲ့တောင်ဘက်ကနေ ရှိမ်းမကားရဲစခန်းထဲကိုအင်အားဖြည့်ဖို့ကြိုးစားခဲ့ပါတယ်။ ရွှေဘိုဘက်ကလာတဲ့ပထမစစ် ကြောင်းဟာ ရွှေဘို-ဝက်လက် ကားလမ်းပိုင်းကနေသွားရင် နေ့ဝက်လောက်​ရောက်တဲ့ခရီးဖြစ်​ပေမယ့် အဲဒီကာလမ်းကို စစ်တပ်မဖြတ်သန်းရဲပါဘူး။ အလားတူပဲ ဒုတိယစစ်​ကြောင်းဟာလည်း စစ်ကိုင်းတပ်မ(၃၃)ရဲ့အနောက်ဘက်မှာရှိတဲ့ မန္တလေး-ကျောက်မြောင်း ဗျူဟာလမ်းပိုင်း အတိုင်းသွားမယ်ဆိုရင်လည်း ရှိမ်းမကားရဲစခန်းကို ကားနဲ့၃နာရီ လောက်နဲ့ ​ရောက်မယ့်ခရီးပါ။ဒါပေမယ့် ဘယ်ကားလမ်းကိုမှစစ်တပ်အသုံးမပြုရဲတာမို့ တောလမ်းတွေကိုရွေးသုံးခဲ့တာပါ။ ဇန်နဝါရီလ ၅ ရက်နေ့မှာပဲ ဗိုလ်ကြီးမျိုးမင်းသူဦး​ဆောင်တဲ့ စခတ-၈ က အင်အား ၇၇ ဦးပါ စစ်​ကြောင်းဟာမှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားအရောက်မှာ PDF တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံခဲ့ရပါတယ်။စစ်သား ၇၇ ဦးပါတဲ့စစ်ကြောင်းဟာ ၄၇ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၆ဦးဖမ်းမိပြီး လက်နက်မျိုးစုံ ၄၄ လက်ကို PDF ​တွေကသိမ်းဆည်းရရှိခဲ့ပါတယ်။ ​ထောက်ပို့စစ်​ကြောင်း တ​ကြောင်းလုံးဟာ ရှမ်း​မြောက်ပြန် အညာသား PDF ​တွေရဲ့ လက်စွမ်းပြမှုနဲ့ စစ်​ကြောင်း ၁ ​ကြောင်းလုံးပျက်သွားတာပါ။ ဒီတိုက်ပွဲမှာသေဆုံးသူတွေရဲ့ လက်မောင်းတံဆိပ်တွေမှာတပ်မ(၃၃)ရဲ့ တံဆိပ်တွေကိုတွေ့ရပါတယ်။ ဒါအပြင် အတိုက်ခံရတဲ့ စစ်​ကြောင်းကိုစစ်ကူပေးဖို့ ဝက်လက်မြို့က​နေ ဇန်နဝါရီ ၅ ရက်ည​နေ ၃ နာရီ​ကျော် ထွက်လာတဲ့ ဗိုလ်ကြီးကျော်မင်းခိုင် အပါအဝင် အင်အား (၃၀ )ဝန်းကျင်ရှိတဲ့ စစ်ကူစစ်ကြောင်း ကိုလည်း PDF ​တွေကထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ် ။ စစ်ကူးစစ်​ကြောင်းလည်းဗိုလ်ကြီးကျော်မင်းခိုင်အပါအဝင် ကိုးဦးဒဏ်ရာရပြီး ပြန်ဆုတ်သွားရပါတယ် ။ စစ်ကူ​လာတဲ့အထဲ စစ်သား​တွေအပြင် မီးသတ်ရုံး အရာခံဗိုလ်၊ ပျူ​စောထီး​တွေ ပါ ပါခဲ့တာပါ။ဒဏ်ရာရသူ​တွေကို ဝက်လက်မြို့ဆေးရုံပို့ပြီး ​ဆေးကု​ကြရပါတယ် ။ စစ်​တပ်ကို ကြောင်းပျက်သွား​အောင် အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်နဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့၊ M.Sai Naw ဒရုန်းတပ်ဖွဲ့၊ Phoenix Wings ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က စုပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ပါတယ် ။ တစ်နေ့တည်းမှာပဲ ဝက်လက်မြို့ရဲ့အရှေ့တောင်ဘက်က အုန္နဲဘုတ်ရွာကိုဝင်ရောက်တပ်စွဲထားတဲ့အင်အား(၇၀)ကျော်ပါ တပ်မ(၃၃) စစ်ကြောင်းကိုလည်း PDF ​တွေကတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီစစ်​ကြောင်းကို ဗိုလ်ကြီးအေးမျိုးထွန်းဦးစီးပြီး​တော့ တပ်မ(၃၃)လက် အောက်ခံ စစ်ကြောင်း ဖြစ်ပါတယ် ။ ရှိမ်းမကာ ရဲစခန်းသွားဖို့ထွက်လာတာဖြစ်ပြီး အုန္နဲဘုတ် ရွာမှာ PDF ​တွေက ဇန်နဝါရီ ၅ ရက် မနက်အ​စောပိုင်း တိုက်ခိုက်ခံရတာ​ကြောင့် စစ်သား ၂၀ ကျော်သေဆုံးခဲ့သလို ၃ဦးကို အရှင်ဖမ်းမိခဲ့ပါတယ် ။ဒါအပြင် လက်နက် ၅လက် သိမ်းဆည်းရရှိခဲ့တယ်လို့ရွှေဘိုခရိုင် တပ်ရင်း(၁၈)က ထုတ်ပြန်ထားပါတယ် ။ ​သေဆုံးသူ​တွေကို စစ်တပ်က ပြည်သူ​တွေရဲ့ အိမ်​တွေထဲထည့်မီးရှို့ လက်စ​ဖျောက်ခဲ့သလို ကျန်တဲ့ စစ်သား ၄၀လောက်ဟာ ဖရိုဖရဲထွက်ပြေးသွားပါတယ်။ တပ်မ ( ၃၃)ဟာ ချင်းပြည်နယ် ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ တပ်ဖြစ်ပါတယ် ။ ရခိုင်ပြည်နယ် တိုက်ပွဲကိုလည်း အပို့ခံရ​သေးပြီး ရခိုင်ပြည်နယ်မှာ စစ်ရှုံးခဲ့ပါတယ် ။ နာမည်ဆိုးနဲ့​ကျော်ကြားတဲ့ တပ်မ (၃၃ )လက်​အောက်ခံစစ်​ကြောင်းကို အုန္နဲဘုတ်ရွာမှာစစ်​ကြောင်းပျက်​အောင် တိုက်ခိုက်ခဲ့ကြတာက ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းတပ်​တွေဖြစ်ပါတယ် ။ အထက်ပါ စစ်​ကြောင်း ၂ ခုလုံး ပြုတ်ခဲ့ ၊ပျက်ခဲ့တဲ့ ဒီတိုက်ပွဲနှစ်ခုဟာ ဝက်လက်နယ်အတွက် တကျော့ပြန်တိုက်ပွဲလို့ ပြောလို့ရသလို ၂၀၂၂ခုနှစ်နောက်ပိုင်း ဝက်လက်နယ်အရှေ့ပိုင်းကအညာသားတွေရဲ့ တကျော့ပြန်အောင်မြင်မှုလည်းဖြစ်ပါတယ်။ ဝက်လက်မြို့နယ်အရှေ့ခြမ်းဟာ စစ်​ကောင်စီတပ်ကိုလက်နက်ကိုင်တော်လှန်ရေး အ​စောဆုံးပြုလုပ်ခဲ့တဲ့ ​ဒေသ​တွေထဲက တခုပါ။၂၀၂၁ခုနှစ်မှာတင် ဒေသခံကာကွယ်ရေးတပ် ရာဂဏန်းလောက်အထိ ဒီနယ်မြေကို အခြေစိုက်ခဲ့ကြတာပါ။မန္တလေးက UG တွေ၊တပ်တွေလည်း ဒီနယ်ကိုရောက်ခဲ့ကြတာပါပဲ။၂၀၂၂ခုနှစ်မှာ စစ်တပ် စိုးရွံ့ရတဲ့မြေဖြစ်ခဲ့တဲ့အထိ ဒီနယ်​မြေကတော်လှန်ရေးအားကောင်းခဲ့ပါတယ်။ "အဲဒီတုန်းက လက်လုပ်တွေပဲရှိတာ။ကျွန်တော်တို့ကပစ်ပြေးဘဝပဲ"လို့ ​ရွှေဘိုခရိုင်တပ်ရင်း(၁၅)ရဲ့ခေါင်းဆောင် ဗိုလ်ကောက်ရိုးကပြောပါတယ်။ " ၂၀၂၅ မှာ အညာ ဟာ လုံးဝ ထင်မထား​လောက်​အောင် ပြောင်းလဲမှု တစ်ခု ကို ​ဖော်​ဆောင်ဖို့အတွက် ကျွန်​တော်တို့အဆင်သင့်ဖြစ်​နေပါပြီ" လို့​ရွှေဘို ခရိုင် တပ်ရင်း (၂၆ )ကပြန်ကြား​ရေးတာဝန်ခံက​ပြောလိုက်ပါတယ် ။ ။ #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/ 𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Comment