MENU

Fun & Interesting

"စစ်တပ်ကိုပြန်​တော်လှန်​နေတဲ့ အဓမ္မစစ်သားသစ်စု​ဆောင်းခံရတဲ့လူငယ်" | People's Spring

People's Spring 125,147 1 week ago
Video Not Working? Fix It Now

"စစ်တပ်ကိုပြန်​တော်လှန်​နေတဲ့ အဓမ္မစစ်သားသစ်စု​ဆောင်းခံရတဲ့လူငယ်" ရဲ​ခေါင်/People's Spring "ကံထူး"ဆိုတဲ့ နာမည်က သူ့ အသက် ၂၄ နှစ်ထဲရောက်မှ ရတာ။ နာမည်ပေးကင်ပွန်းတပ် ကိတ်မုန့်ကျွေးပြီးလွယ်လွယ် ရလာတဲ့ နာမည်​တော့ မဟုတ်ခံ့ပါဘူး။ ကံထူး ရယ် လို့ ဖြစ်လာပုံဇာတ်လမ်းအစကိုပြန်ပြန်ရရင်​တော့ ...။ ၂၀၂၄ခုနှစ်မတ်လမှာ သူ့ကို ဆေးစစ်ရမယ်ဆိုပြီး ရပ်ကွက်ရုံးကအုပ်ကြီးတစုက အိမ်တိုင်ရာရောက် လာခေါ်လို့ လိုက်သွားရာက​နေ စစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းတဲ့ပါသွားပါ​တော့တယ်။ "သွေးစစ်မယ်။ခဏပဲ ကြာမှာ ဆိုတော့ ကျွန်တော့်မိဘတွေကယုံကြည်ပြီး ထည့်ပေးလိုက်တာ။အဲဒီနဲ့ ရပ် ကွက်ရုံးမှာ ည အိပ်ရပြီးနောက်ရက် မိုးလင်းတော့ စစ် တပ်ရဲ့ဝန်းတစ်ခုထဲ ပို့ခံလိုက်ရတာ"လို့ စစ်​ကောင်စီလက် အောက် ခံတွေရဲ့ လုပ်ရပ်ကို ကံထူး တစ်ယောက် နာကြည်းစွာနဲ့ရင်ဖွင့်ပါတယ်။ သူရောက်နေတဲ့နေရာက ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ နယ်မှာရှိတဲ့ အမှတ်(၁) တန်မြင့်လေ့ကျင့်ရေးကျောင်း (ဂျိုးဖြူသင်တန်းကျောင်း)ဆိုတာကိုတော့ နာရီပိုင်းအကြာမှာပဲ သိလိုက်ရပါတယ်။ မိသားစုကို ဆက်သွယ်ဖို့အတွက် သူ့ဖုန်းလည်းအ သိမ်းခံလိုက်ရ ၊ထွက်ပြေးလို့ရမယ့် နည်းလမ်းကလည်းမရှိသေးတော့ မကြိုက်​ပေမယ့် ခဏ ငြိမ်​နေရဖို့ဖြစ်ခဲ့ပါတယ် ။ "သင်တန်းကျောင်းမှာ ဘယ်နေရာကနေပြေးရင်ရမလဲဆိုတာအမြဲ လေ့လာတယ်။ပြေးတဲ့အချိန်နောက်မှာဖြစ်လာမယ့် နောက်ဆက်တွဲတွေကိုတော့ ညတိုင်းတွေးတယ်။ဒီ ...စစ်တပ်အောက်က နေ မလွတ် လွတ်အောင်ပြေးရမယ်ဆိုတဲ့ အသိကတော့ ဘယ်တော့မှ ပျက်မသွားဘူး" လို့ သူရဲ့ ပိုင်းဖြတ်ထားတဲ့ စိတ်ခံစားချက်ကို ​ပြောပါတယ်။ သင်တန်းကာလတွေမှာဆိုရင်လည်း စစ်တပ်ရဲ့ အရာရှိတွေက အဓမ္မ စုဆောင်းခံရတဲ့သင်တန်းသားတွေကို စစ်မတိုက်ရဘူးလို့မကြာခဏ လိမ်ကြပါတယ်။ ၂၀၂၄ ခုနှစ် ၊ ဇွန် ၂၉ ရက်က ဂျိုးဖြူသင်တန်းကျောင်း အ ပတ်စဥ် ၁ တပ်သားသစ် ၈၀၀ သင်တန်းစဆင်းတဲ့ရက်စွဲပါ။ ဘယ်စစ်မြေပြင်သွားရမလဲ ဆိုတာတော့ ဘယ်သူမှ မသိကြသေးပါဘူး။တချို့က တော့ အိမ်ပြန်ရမယ်လို့ထင်မှတ်​နေကြပုံရပါတယ်။ နောက်တစ်ရက်မနက်အစောမှာတော့ သင်တန်းဆင်းတပ်သားသစ်တွေကိုကား ဆယ်စီး၊ တစ်စီး မှာအယောက် ၂၀ နှုန်းနဲ့ အုပ်စု​တွေခွဲပြီး အသုတ်လိုက် သတ်မှတ်​ဒေသတွေကိုပို့ဖို့ စစ်တပ်က စီစဥ်ခဲ့ပါတယ်။ စစ်ကားတွေ အမြန်လမ်းပေါ် ရောက်လို့ ရန်ကုန်ကို စွန့်ခွာရပြီဆိုတဲ့ အသိနဲ့ လမ်းမပေါ်က ဆိုင်းဘုတ်တွေကိုကြည့်ရင်း စစ်တပ်က တခြားနေရာကို ပို့တော့မယ်ဆိုတာ ကံထူး နဲ့ အတူ ထွက်ပြေး ဖို့တိုင်ပင်ထားတဲ့ လူငယ်တစ်စု ရိပ်စားမိလာကြပါတယ်။ "မန္တလေးမှာကတည်းကပြေးဖို့ ကားပေါ်ပါတဲ့ စိတ်တူကိုယ်တူ လေးယောက် စီစဥ်ကြသေးတယ် ။လွတ်လမ်း နဲ့ ထွက်ပေါက်က မရှိ။အဲဒါနဲ့ အခွင့်အရေးထပ်စောင့်ရင်း ရွှေညောင်က စစ်တပ်နားခိုရေးစခန်းကို နေ့လည် ၃ နာရီလောက်မှာရောက်ခဲ့တယ်"လို့သူပြောပါတယ်။ လကုန်ရက်လည်းဖြစ် ကင်းစောင့် ကလည်းမတွေ့ရတဲ့ စစ်တပ်နားခိုရေးစခန်းကမှ မလွတ်ခဲ့ဘူးဆိုရင်​တော့ နောက် ထပ် ဒီလို အခွင့်အရေးဆိုတာမျိုးသူတို့် ထပ်မရနိုင်​တော့ဘူးလို့ ​တွေးထားလိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်က စစ်တပ်ကင်းစောင့် လာ၊မလာ ပတ်ဝန်းကျင် ကို မကြာခဏ လေ့လာ။ကျန်တဲ့နှစ်ယောက်က ခရီးမှာ စားဖို့သောက်ဖို့နဲ့ အလွယ်တကူ ရိက္ခာလေးတွေဖြည့် ၊သယ်လို့ရမယ့် ပစ္စည်းတချို့ စုထားရင်း အချိန်​ကောင်းကို မျှော်နေကြပါတယ်။ ၂၀၂၄ ဇွန် ၃၀ ရက်​နေ့ ည​နေမှာ​တော့ သူတို့ထွက်​ပြေးကြပါတယ် ။ "အစီအစဥ်စတာ ည ၆ နာရီခွဲ ၊ ၇ နာရီကြားထဲပဲ။သင်တန်းဆင်းတုန်းက ပြန်ပေးထားတဲ့ ဖုန်းကို မပျောက် အောင်ဂရုစိုက်။ကားလမ်းမပေါ်ရောက်အောင် သုတ် ခြေတင်။တောင် ကုန်းတစ်ခုပေါ်တက်။ပြီးရင် အောက်ခြေကိုထပ်ဆင်းရင်း အဲဒီမှာပဲ ဖြစ်သလို အိပ်တယ်။နောက်နေ့ မနက်အစော တောင်ကြီးဘက်ကိုခရီးဆက်ခဲ့တာ"လို့ ​လွတ်မြောက်ခဲ့တဲ့ဖြစ်စဥ်အချို့ကို ကံထူးက ပြန်ပြောပါတယ်။ စစ်တပ်မစိုးမိုးနိုင်တဲ့ လွတ်​မြောက်နယ်​မြေအထိ​ရောက်​အောင်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ကံထူးက တော်လှန်ရေးရဲဘော်ဖြစ်နေတဲ့မိတ်ဆွေဆီကနေတဆင့် အမျိုးသားညီညွတ်ရေးအစိုး NUG ရဲ့ ပြည်သူ့ရင်ခွင် အဖွဲ့နဲ့ ချိတ်ဆက်လို့ရခဲ့ပါတယ်။ စစ်တပ်လက်အောက်ကနေ လွတ်မြောက်ချင်တဲ့သူတွေကို ကယ်ထုတ်ဖို့ ဖွဲ့စည်းထားတဲ့ ပြည့်သူ့ရင်ခွင် အဖွဲ့အစည်းကနေပဲ သက်ဆိုင်ရာ ဒေသက ကာ ကွယ်ရေးတပ်ဖွဲ့ကို လွှဲပြီး ခေါ်ထုတ်ဖို့ အစီအစဥ် ကိုဆွဲ​ပေးပါတယ်။ ကံထူးကို ကယ်ထုတ်ခဲ့ပုံကို IPDF ရဲ့ တာဝန်ရှိသူ အင်းသွေးနီက"ပန်းစိုက်ခင်းထဲမှာ မနက်အစောကတည်းကနေ ညနေမှောင်စထိ သူ(ကံထူး) တစ်ယောက်ထဲပုန်းပြီးစောင့်နေတာ။တစ်နေ့ကုန် ဘယ်သူမှမတွေ့အောင်ပုန်းနေတာပေါ့ " လို့ ရှင်းပြပါတယ်။ "အသေခံခိုင်းမယ့် စစ်တပ်လက်အောက်ကနေ စွန့်စားပြီးကံကောင်းစွာနဲ့လွတ်လာလို့ဝိုင်းခေါ် တာပေါ့။သူက မာမာထန်ထန်လည်းရှိတယ်။တည်ငြိမ်တယ်။တော် လှန်ရေးအပေါ်မှာပေးအပ်တဲ့တာဝန်ကို ကျေပွန်တယ် "လို့ IPDF ရဲဘော်တစ်ဦးက ကံထူး နဲ့ပတ်သက်လို့ ပြောပါတယ်။ မိဘနှစ်ပါးကို နေ့စားလုပ်သားအဖြစ်နဲ့ လုပ်ကျွေးပြီး ပျော်ရွှင်နေရတဲ့ မိသားစုအသိုက်အမြုံကို ဖျက်ဆီးခဲ့တဲ့ စစ်အုပ်စုကိုတော့ ကံထူးကဘယ်တော့မှ ခွင့်မလွှတ်ပါဘူး။ "သူကရောက်ခါစကတည်းက ဒီကောင်တွေကို ပြန်တိုက်မယ်။ဒီစကားပဲ ပြောတယ်။ကျွန်တော်တို့ရဲ့ စောင့်ကြည့်ကာလ ၄၅ ရက်မပြည့်ခင်မှာပဲ ကျွန်တော့်ကိုပူဆာတာ လေးငါးခါလောက်ရှိတယ်။လုံးဝ စကစ တွေကို ဘယ်လောက်ထိ ရွံ့ရှာမုန်းတီးတယ်ဆိုတာ သိသာတယ်"လို့ ကိုအင်းသွေးနီကကံထူးအ​ပေါ်အမြင်ကို မှတ်ချက်ပြုပါတယ်။ ကံထူး က​တော့ အသက်အန္တရာယ်နဲ့အခက်အခဲ​တွေကြား ကံထူး ရယ်လို နာမည်ရလာတာကို သဘောကျရပုံရပါတယ် ။စစ်အာဏာရှင်ကို​တော်လှန်ဖို့အတွက် သူ့ ရဲ့ ဒသန ကိုလည်းအခုလို ပြောပြပါတယ်။ "ကံဆိုတာအလုပ်မဟုတ်လား။အလုပ်လုပ်ပြီး ထူး တာ မထူးတာထက် ပါးစပ်အပြောနဲ့တော့ အာဏာရှင်ကို တော်လှန်လို့မရဘူး"။ ။ #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/ 𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Comment