ဝက်သားမျှစ်ချဥ်ဟင်းလေးကို နံရိုးနဲ့ချက်ပြပေးရန်တောင်းဆိုထားသူများအတွက်တင်ဆက်ပေးလိုက်ပါတယ်,မျှစ်ချဥ်ဟင်းလေးကဒီနေ့ချက်ပြီး နောက်နေ့စားရင်ပိုကောင်းတယ်လို့ပြောကြပါတယ် ,တစ်ရက်စာအတွက်ဘဲချက်မည်ဆိုပါကအရသာထည့်တဲ့အခါမှာလေးလေးပင်ပင်ထည့်လို့အဆင်ပြေပေမဲ့နောက်ရက်ထိစားဖို့ဆိုရင်တော့အရသာပေါ့ပေါ့လေးထားမှအဆင်ပြေပါတယ် ,ဟင်းရဲ့သဘောတရားကနောက်နေ့ဆိုပိုပီး လေးသွားတတ်လို့ပါဘဲ,ချက်ရတာရိုးရှင်းပြီးစားလို့အလွန်မြိန်ပါတယ်, ငါးပိထောင်းလေးနဲ့တွဲစားလိုက်ရင်တော့ဘာလိုသေးလဲအချစ်ရယ်ပေါ့ဗျာ,အားပေးနေကြတဲ့အစားတလိုင်းပရိတ်သတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
ပါဝင်ပစ္စည်းများ,
-ဝက်နံရိုး = ၅၀သား
-မျှစ်ချဥ် = ၃၀သား
-ကြက်သွန်နီ = ၃လုံး
-ကြက်သွန်ဖြူ= ၅မွှာ
-ငရုတ်သီးမှုန့် = ၃စပဇ
-ငံပြာရည် = ၃ စပဇ
-ဆား = ၂ လဖဇ
-သကြား =၂ လဖဇ
-ဆီ = ၅ကျပ်သား
ဦးနိုင်အစားတလိုင်းကမိတ်ဆွေများခင်ဗျာ
စဥ်ဆက်မပျက်တင်ပေးနေတဲ့ဗီဒီယိုလေးတွေကိုအရင်ဆုံးသိရှိနိုင်အောင်ဦးနိုင်ရဲ့
YouTube Channelမှာ Subscribe နဲ့ Notificationခေါင်းလောင်းလေးနှိမ့်ပီးအားပေးပါအုံးလို့မေ တ္တာရပ်ခံပါတယ်ခင်ဗျာ။
Oo Naing အစားတလိုင်း_Youtube Channel
http://www.youtube.com/c/OoNaingASarTaLineCookingAndEating
Oo Naing အစားတလိုင်း_FaceBook Page
https://www.facebook.com/oonaingg/
Oo Naing အစားတလိုင်း_Instagram page
https://www.instagram.com/oonaingasartaline/
Oo Naing A Sar Ta Line ကိုဝင်ရောက်ကြည့်ရှု့အားပေးကြသောချစ်ရတဲ့ပရိတ်သတ်များဘေးဘရာဝေးကွာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။