LOTR - The fellowship of the ring full recap
https://youtu.be/4G1vMk_kXF8
LOTR - The Two Tower full recap
https://youtu.be/-bLjjBDXJ4g
Prison Break Season 1 full recap
https://youtu.be/o7tVTFn_W0U
မင်္ဂလာပါ Series4u ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အပတ်စဉ် စနေ့ နေ့တိုင်း တင်ဆက်ပေးမယ့် ရုပ်ရှင်အစီအစဉ်ရောက်ရှိလို့လာပါပြီ။ ဒီတပတ်အတွက် ရွေးချယ်ထားတဲ့ ဇတ်ကားလေးကတော့
ကျနော်တို့ရဲ့ အချစ်တော် မင်းသားတွေထဲက တယောက်ဖြစ်သလို လူအများစုက တိုက်တန်းနစ် မင်းသားလို့ သိထားကြတဲ့ မင်းသားကြီး လီရိုနာဒို ဒီကာပရီယို(Leonardo DiCaprio)သရုပ်ဆောင်ထားတဲ့ Killer of the Flower Moon ရုပ်ရှင်ဘဲ ဖြစ်ပါတယ်။ အဆင်သင့် ဖြစ်ပြီဆိုရင် Killer of the Flower Moon ရုပ်ရှင်လေးကို စတင်လိုက်ကြရအောင်ပါ။ ကျနော်ကတော့ အစီအစဉ်တင်ဆက်သူ ( ) ပဲ ဖြစ်ပါတယ်ခင်ဗျာ။
ဇတ်ကားရဲ့ သမိုင်းကြောင်း နောက်ခံလေးကို အရင်ဆုံး မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ ဒါမှလည်း ဒီဇတ်ကားကို recap အနေနဲ့ ကြည့်ရှုခံစားကြတဲ့အခါ အပြောအဆို အသုံးအနှုန်း နေရာဒေသတွေကို တိတိကျကျ ခံစားမိမှာဖြစ်ပါတယ်။
1920 အချိန်ကာလပတ်လည်တုန်းက အမေရိကန်နိုင်ငံ ၊ အိုကာဟိုးမား ပြည်နယ် အိုဆေခ်ျ့ ခရိုင်ထဲမှာ အခြေချနေထိုင်ပြီးတော့ ရေနံတွင်းတွေပိုင်ဆိုင်ထားမှုကြောင့် သန်းကြွယ်သူဌေးတွေ ဖြစ်လာကြတဲ့ မူလနယ်ခံတိုင်းရင်းသား အိုဆေ့ခ်ျမျိုးနွယ်တွေကို အမေရိကန် လူဖြူတွေက နိုင်ထက်စီးနင်း လုပ်ရင်း ဥပဒေ ဘက်တော်သားများကိုအိတ်ထဲမှာ ထည့်ပြီး အနိုင်ကျင့် သတ်ဖြတ် ကြတဲ့ သမိုင်းဖြစ်ရပ်မှန် တခုလည်း ဖြစ်ပါတယ်။ စာရေးဆရာလောကကို ၂၀၀၉ လောက်မှ စတင် ဝင်ရောက်ခဲ့ပေမယ့် New York Times Magazine, Washington Post, Wall Street Journal တို့မှာ သတင်းထောက်တဦး အဖြစ် ဖြတ်သန်းခဲ့ပြီး လက်ရှိအချိန်မှာလည်း အမေရိကန်နိုင်ငံရဲ့ နစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ New Republic magazine မှာ အကြီးတန်းအက်ဒီတာ အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ David Grann က 2014 ခုနှစ်မှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ Killers of the Flower Moon: The Osage Murders and the Birth of the FBI နာမည်နဲ့ ပထမဆုံးအကြိမ် ရေသားခဲ့တာပါ။
ဖြစ်ရပ်မှန်ကို အခြေခံပြီး ရေးသားထားတဲ့ဝတ္ထုကို ဇာတ်လမ်းတစ်ပုဒ်အနေဖြင့် ရှုထောင့်မတူအောင် ပြန်လည်ဖန်တီးထားတာကြောင့် တချို့နေရာလေးတွေမှာ သမိုင်းဖြစ်ရပ်နဲ့ ကွဲလွဲနေတာလေးတွေ အနည်းငယ်ရှိကြောင်းကို ကြိုတင်ပြောပြထားချင်ပါတယ်။ ဥပမာပေးရရင် Ernest Burkhart ဟာ တကယ့်အပြင်မှာ သာမှန်ဆင်းရဲသား ကောင်လေးတစ်ယောက်ဖြစ်ပြီး သူရဲ့ ဦးလေးဆီကို အသက်ဆယ့်ကိုးနှစ် အရွယ် 1912 ခုနှစ်ကျမှ ရောက်လာခဲ့ပြီးတော့ ငါးနှစ်အကြာမှာ Mollie Brown နဲ့ လက်ထပ်ခဲ့ပါတယ်။ အင်ထရိုလည်း အနည်းငယ် ရှည်နေပြီမို့ ကျနော်တို့
ဇတ်လမ်းလေးကို စတင်လိုက်ကြရအောင်ပါ။