ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံမှုကြီး၌ (ဗိုလ်နေဝင်း) တံခါးဖွင့်ပေးခြင်း/ကြေးမုံဦးသောင်း/The Book Reader
ဂဠုန်ဦးစောသည် ဗိုလ်ချုပ်အား မကြိုက်၊ နေဝင်းသည် အချောင်နေအချောင်စား အခွင့်အရေးသမား၊ နှစ်ယောက်လုံးက အာဏာရူး၊ ကဲ သူတို့နှစ်ယောက်ပေါင်းတော့ ဘယ်လိုလို့ ကောင်းသော အကျိုးဆက်ရှိတော့မလဲ။
ဗီဒီယိုသည် အစ ၁၀မိနစ်ခန့်အထိ မြန်မာနိုင်ငံ အခြေအနေတချို့ကို သုံးသပ်ပြထားပြီး ဦးနေဝင်း၏ စရိုက်ကို ပေါ်လွင်အောင် အစပျိုးနေပါသည်။
ဆယ်မိနစ်ခန့်အကျော်မှာ ဦးနေဝင်း အာဏာမက်လာပုံ၊ ဂဠုန်ဦးစော အမြက်ထွက်လာပုံ စသည်တို့ကို ဆက်တိုက် ဖော်ပြလာပါသည်။
ဒီနောက်မှာမှ စာရေးသူရဲ့ တွေ့ရှိချက်၊ သုံးသပ်ချက်၊ သတင်းရင်းမြစ်တွေကို အခိုင်အမာတည်ဆောက်ပြီး ရေးသားထားတာကို တွေ့ရပါတယ်။
ဒီစာအုပ်ပါ အညွှန်းထဲကအတိုင်းပြောရလျှင်...
မြန်မာနိုင်ငံက စစ်ဗိုလ်ဆိုးများဟာ မူလတန်းစာအုပ်များကအစ စွယ်စုံကျမ်းများအထိ သူတို့စိတ်ကြိုက် ပြင်ဆင်ကာ စစ်ဝါဒဖြန့်နေပြီမို့ ဒီစာအုပ်ကို သားစဥ်မြေးဆက် သိမ်းဆည်းထားပါလို့ ရေးသားထားပါတယ်။
ထို့အပြင် မိတ်ဆွေတို့ကိုယ်တိုင် ဖတ်ချင်ပါက အောက်ပါ Link မှ တဆင့် ဝင်ရောက် ဖတ်ရှုနိုင်ပါကြောင်း...
⏬⏬⏬
ဗိုလ်နေ၀င်းဇာတ်လမ်းရှုပ် ... https://bamakyel.files.wordpress.com/2009/12/newinmess-uthaung.pdf
နားထောင်သူ မိတ်ဆွေများအားလုံးကို
လေးစားလျက်
The Book Reader
#audiobook #crd #thebookreader #ကြေးမုံဦးသောင်း #ဗိုလ်ချုပ်အောင်ဆန်း
#ဗိုလ်ချုပ်နေဝင်း #ဂဠုန်ဦးစော #အာဇာနည်နေ့ #July19