တရုတ်စီစဉ်သည့် စစ်ကောင်စီနှင့်ဆွေးနွေးပွဲ မအောင်မြင်သည့်အကြောင်း TNLA ပြောဆိုချက်
တရုတ်စီစဉ်သည့် စစ်ကောင်စီနှင့်ဆွေးနွေးပွဲ မအောင်မြင်သည့်အကြောင်း TNLA ပြောဆိုချက်
………..
တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်သည့် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့၏ နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ နှစ်ဘက်ညှိနှိုင်းရန် ခက်ခဲခြင်းကြောင့် သဘောတူညီမှုမရဘဲ ပြီးဆုံးသွားကြောင်း TNLA က ယနေ့ ထုတ်ပြန်သည်။
ဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ ရောက်သည့်နေရာတွင် အပစ်ရပ်ရန်၊ နှစ်ဘက်လုံး ထိုးစစ်ဆင်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ရန်၊ နှစ်ဘက်ထိန်းချုပ်ဒေသများတွင် ပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများသယ်ဆောင်နိုင်ရေး အတွက် လွတ်လပ်စွာသွားလာခွင့်ပြုရန် စသည့် အချက်သုံးချက်ကို TNLA က ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ပြင်ဆင်မှုများ ပြုလုပ်ပြီး နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက တိုက်တွန်းပြီး တွေ့ဆုံမှုကို အဆုံးသတ်စေခဲ့သည်ဟု သိရသည်။
သဘောတူညီချက်များ မရရှိဘဲ ဆွေးနွေးပွဲ အဆုံးသတ်သွားသည့် အခြေအနေနှင့်ပတ်သက်ပြီး TNLA ၏ ပြန်ကြားရေးအရာရှိ လွေးယေဦး ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
မေးမြန်း- အေဘီ