Tourတွေက ဘတ်၁၀၀၀ကျော်ယူတဲ့ ခရီးကို ဘတ် ၁၀၀ နဲ.သွားပါမယ်Mae klong market and amphawa floating market
Tour တွေမှာ ဘတ် ၁၀၀၀ ကျော်ပေးရတဲ့ ခရီးကို ကိုယ့်ဟာကိုယ်သွားရင် ဘတ် ၁၀၀ တောင်မကုန်ပါဘူး (Mae klong market and amphawa floating market)
အားလုံးပဲမင်္ဂလာပါခင်ဗျ ၊ ကျွန်တော် ဒီနေ.အလည်သွားမှာက ထိုင်းနိုင်ငံရဲ. အန္တရာယ်အများဆုံး ဈေးလို. ကမ္ဘာလှည့်ခရီးသွားတွေကြား တင်စားကြတဲ့ mae klong market ရထားဈေးနဲ. အဲ့ဒီရထားဈေးနားက ရေပေါ်ဈေးတစ်ခုဖြစ်တဲ့ amphawa floating market ကို သွားမလို.ပါဗျ ၊ ဒီခရီးကို ဘန်ကောက်ကို အလည်လာသူတွေအနေနဲ. 1 Day Trip အဖြစ် စဉ်းစားသင့်ပါတယ်
ဒီနေရာ ၂ ခုကို ကျွန်တော်က စရိတ်ချွေတာတဲ့အနေနဲ. ကိုယ့်ဟာကို လေ့လာစီစဉ်ပြီး ရထားစီးပြီးသွားခဲ့ပါတယ် ၊ အသွားရော အပြန်ရောအတွက်ကို ခရီးစရိတ်က လူတစ်ယောက်ကို ဘတ် ၁၀၀ တောင် မကုန်ပါဘူး ၊ ဒါပေမယ့် ဒီ ၂ နေရာကို ဘန်ကောက်ကနေ Day Trip အနေနဲ. ပို.ပေးတဲ့ ခရီးစဉ်တွေရှိပါတယ် ၊ အဲ့ဒီခရီးစဉ်တွေမှာတော့ လူတစ်ယောက်ကို ဘတ် ၁၀၀၀ ကျော်ပေးရပါမယ်
အဲ့ဒီတော့ Day Trip Tour နဲ. ကိုယ့်ဟာကို စီစဉ်ပြီးသွားတာ ဘာတွေကွာသွားသလဲ ၊ အဆင်ပြေမှု မပြေမှုတွေအကြောင်းကို ကျွန်တော် ဒီဗီဒီယိုထဲမှာ ပြောပြပါမယ် ၊ ကိုယ့်ဟာကိုဘယ်လိုစီစဉ်ပြီးသွားတယ်ဆိုတာလည်း ခရီးစဉ်တစ်လျှောက် အသေးစိတ်ပြောပြပေးပါမယ် ၊ ဒါကြောင့်မို. ဒီတစ်ခါ ဗီဒီယိုက နည်းနည်းတော့ ရှည်မယ်ဗျ