MENU

Fun & Interesting

Transistor On Off

Electronic Student 25,066 lượt xem 4 years ago
Video Not Working? Fix It Now

Transistor On Off

Transistor ကို ခလုပ်အဖြစ်အသုံးပြုခြင်းကို Transistor As Switch လို့ခေါ်ကြပါတယ် ။ Digital ပုံစံဖြစ်ပြီး On Off ဖြစ်ပါတယ် ။ အသုံးပြုပုံကတော့ သူ့ရဲ့ Base ကို Current နည်းနည်းပေးလိုက်သည်နှင့် Collector နှင့် Emitter ကို ကြီးမားတဲ့ Current ဖြတ်စီးနိုင်ခြင်းသာဖြစ်ပါသည် ။ အကယ်၍ Base ကို ပေးမယ့် Current ကို ဖြည်းဖြည်းခြင်း မြှင့်ပေးခြင်း ဖြည်းဖြည်းခြင်း ပြန်ချပေးခြင်း ပုံစံဖြင့် ပြုလုပ်ပါက ။ Transistor As Amplifier ပုံစံဖြစ်သွားမှာပါ ။

Amplifier သည် နည်းနည်း လေ့လာခါစ မိတ်ဆွေများ အတွတ် တော်တော်ခက်သဖြင့် Switch ပုံစံကို စတင်ဆွေးနွေးလိုပါသည် ။ ဘယ်လိုအလုပ်လုပ်သွားလဲ ဆိုတာ ဦးစွာ မဆွေးနွေးခင် ။ နေအိမ်တွေမှာ မီးတပွင့် ခလုပ်တစ်ခု ဆင်တဲ့ ပုံစံကို ဦးစွာ ဆွေးနွေးလိုပါတယ် ။ ဘာကြောင့်ဆို အလုပ်လုပ်ပုံ ဆင်တူလို့ဖြစ်ပါသည် ။

နေအိမ်များမှာ မီးတစ်ပွင့် ခလုပ်တခု ဆင်တဲ့ပုံစံက လွန်စွာ ရိုးရှင်းပါတယ် ။ မီးလုံးကို Neutral တိုက်ရိုတ် ဆက်ထားပြီး ၊ ခလုပ်မှာ ကြိုးဝင်ရန် အပေါက် ၂ ခုပါဝင်ပါသည် ။ ယင်းအပေါက် နှစ်ခု အနက် တခုမှ EPC မှာလာသော Phase ကြိုးကို ဝင်ပေးလိုက်ပါ ထို့နောက် အထွတ်ကြိုးကို မီးလုံးမှာ တပ်ပေးလိုက်လျှင် ပြည့်စုံပါပြီ ။ လူမှ ခလုပ်ကို လက်ဖြင့် ဖွင့်ပိတ် လုပ်ခြင်းဖြင့် မီးလင်း ၊ မီးပိတ်ထိန်းချုပ်နိုင်ပါပြီ ။ ထိုသဘောတရား ကို နားလည်ပါက ။ Transistor Switch ကိုနားလည်ပါပြီ ။

Transistor Switch ကို စတင်ဆွေးနွေးမည်ဆိုပါစို့ ။ သူ့မှာက Base , Collector , Emitter ဆိုပြီး ၃ ခုပါဝင်ခြင်းကြောင့် မျက်စေ့ရှုပ်သွားစေခြင်းဖြစ်ပါသည် ။ အပေါ်က မီးတပွင့် ခလုပ်တစ်ခု နဲ့ပြန်တွဲပါမည် ဆိုပါက ။ ခလုပ်တွင် ကြိုးဝင် ကြိုးထွတ် ၂ ပေါက်ကို Transistor ရဲ့ Collector နှင့် Emitter လို့မြင်ကြည့်လိုက်ပါ ။ လူက နှိပ်ရမယ့် ခလုပ်နေရာကို Base လို့မြင်ကြည့်ပေးပါ ။ ၂၂၀ ဗို့မှာ ခလုပ်ကို လူကနှိပ်မှာဖြစ်ပြီး ၊ ၁၂ ဗို့ Transistor ကိုတော့ လျှပ်စစ်ဓါတ်ဖြင့် ခလုပ်ဖွင့်မှာဖြစ်ပါသည် ။ Transistor ကို DC ၁၂ ဗို့အသုံးပြုမည်ဟု သတ်မှတ်ပေးပါမည် ။

မီးလုံး ကို ဘက်ထရီရဲ့ အပေါင်းဗို့ တစ ချိတ် မီးလုံးနဲ့ Collector ကို ကြိုးတစ်ချောင်းထပ်ချိတ် ဒါဆို Collector မှာ အပေါင်းဗို့ရောက်နေပြီး ၊ မိးကတော့ မလင်းသေးပါဘူး ဘာကြောင့်ဆို မီးလုံးရဲ့ အစ နှစ်ဘက်လုံးမှာ အပေါင်းဗို့ရောက်နေပြီး ၊ အမဓါတ် ပျောက်နေခြင်းကြောင့်ဖြစ်ပါတယ် ။ ထိုအခြေအနေကို ပါတ်လမ်း မပြည့်သေးဟု ဆိုနိုင်ပါသည် ။ အမဓါတ် ရောက်အောင် ဘယ်လိုလုပ်မလဲ ။ Transistor ရဲ့ Base ကို ဘက်ထရီရဲ့ အပေါင်းဗို့ တစ်စယူပြီ 10k Resistor ဖြင့် Current ကို ထိန်းချုပ်ပြီး ပေးသွင်းလိုက်သည်နှင့် Transistor Base မှာ Current စီးဆင်းပါပြီ ။ ဒါဆို လူက ခလုပ်နှိပ်ပြီး မီးဖွင့်လိုက်သကဲ့သို့ ၊ Transistor ကိုလည်း လျှပ်စစ်ဓါတ်ဖြင့် ခလုပ်ဖွင့်လိုက်ခြင်းသာဖြစ်ပြီး ၊ Collector နှင့် Emitter ကို ဆက်ပေးလိုက်ခြင်းဖြင့် Collector မှာပေါ်နေတဲ့ အပေါင်းဗို့ ကို Ground ဆွဲချလိုက်ပါတယ် ။ ဒါဆို မီးလုံးမှာ တဘက်က အပေါင်းဗို့ ရပြီး ၊ တဘက်က အမဓါတ် ရသဖြင့် ပါတ်လမ်းပြည့်ပြီး မီးလင်းလာပြီဖြစ်ပါသည် ။

လျှပ်စစ်ကျောင်းသား ကုမ္ပဏီလီမိတက်
Electronic Training Center
အမှတ် ( ၂၈၃ ) ၃ လွှာ ၊ ပန်းဆိုးတန်းလမ်း အပေါ်ဘလာက်ခ် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။ ။

အသေးစိတ်သိလိုပါက ( မနက် ၉ - ညနေ ၅ )
099 575 940 22

ကျန်းမာကြပါစေ
လျှပ်စစ်ကျောင်းသား

Comment