ဒီ vlog လေးကတော့ ကျွန်တော့်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြတဲ့ ကျွန်တော့်ရဲ့ ပရိသတ်တချို့ကို ပဲခူးဘုရားဖူး လိုက်ပို့ပေးတဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ ဒီအစဉ်လေးဟာ မမျှော်လင့်ပဲ ရုတ်တရက်စီစဉ်ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း အစစ အရာရာ အဆင်ပြေချောမွေ့ခဲ့ပြီး၊ လမ်းခရီးတစ်လျှောက်လုံးလည်း တကယ့်ကို ပျော်ရွှင်ကြည်နူးစရာကောင်းခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး အပြင်မှာ တွေ့ဆုံ စကားပြောခွင့်ရခဲ့ပြီး၊ ကုသိုလ်ကောင်းမှုတွေကိုလည်း အတူတကွပြုခွင့်ရခဲ့တဲ့အတွက်လည်း ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။ ဒီခရီးစဉ်လေးဟာ ကျွန်တော့်ရဲ့ဘ၀မှာ အမှတ်တရ ဖြစ်စရာအကောင်းဆုံး ခရီးစဉ်လေးတစ်ခုအဖြစ် ထင်ကျန်နေတော့မှာလည်း ဖြစ်ပါတယ်။