ဖုန်ကန်ရာဇီ ရေခဲတောင် တက်တာ ဒီဒေသဘက်မှာဆို အလွယ်ဆုံး တဲ့။ ဟုတ် မဟုတ်တော့ ကျွန်တော်လည်း တခြားရေခဲတောင်တွေ မတက်ဘူးသေးလို့ သေချာ မသိပေမဲ့ သေချာတာကတော့ ဒီ ဖုန်ကန်လည်း ကြိုးစားတက်ရတယ်ဆိုတာပါပဲ။ ဒီနေ့ ခရီးစဉ်မှာတော့ နောက်ထပ် စခန်း (၂) ခုဆီ ကို ကြိုးစားတက်ရောက်ခဲ့ပါတယ်။ စခန်း (၂) ခု ဆီ နေ့တိုင်းတက်နိုင်ဖို့ လမ်းပြအဖွဲ့က စီစဉ်ပါတယ်။ ပုံမှန်ထက်တော့ ကျွန်တော်တို့အဖွဲ့ထဲက တချို့က တက်ရောက်နိုင်ခဲ့တာမို့ နောက်ထပ် ထပ်တက်နိုင်ဖို့လည်း အင်အားတော့ရှိတုန်းဖြစ်ပေမဲ့ အဖွဲ့က စီစဉ်ထားတဲ့အတိုင်း စောစီးစွာရောက်ခဲ့ပေမဲ့ တစ်ညတာ နားနေဖို့ လုပ်ဆောင်ခဲ့ပါတယ်။
.
ဖုန်ကန်ရေခဲတောင် တက်ဖို့ စိတ်ဝင်စားသူတွေ၊ တောင်တက်ခရီးအကြောင်း လေ့လာလိုသူတွေအတွက် ကျွန်တော်ကိုယ်တိုင် ဖုန်ကန်တောင်တက်ရင်း ကြုံခဲ့သမျှကို အရှိအတိုင်း ရိုက်ကူးထားတဲ့ ဖုန်ကန်ခရီးစဉ်ကို တင်ဆက်လိုက်ပါတယ်။ တောင်တက်ခရီးစဉ်ဟာ ရက်ရှည်တဲ့အတွက် တစ်ပိုင်းတည်း တင်ဆက်ဖို့ ခက်ခဲတာမို့ Series အနေ အပိုင်းလိုက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ခရီးစဉ်အတွက် လိုအပ်တာတွေကို ဒီဗီဒီယိုတွေကြည့်ရင်း ခန့်မှန်းတွက်ဆနိုင်မယ်လို့ ယုံကြည်ပါတယ်။
.
အခု အပိုင်း (၃) မှာတော့ အောက်သစ်ပင်ကြီး စခန်း ကနေ ခမ်းတောက်မြစ် စခန်း ကို သွားတဲ့အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်ခင်ဗျာ။
.
အားလုံးပဲ အမြဲ ဘေးကင်း ကျန်းမာ ရွှင်လန်းကြပါစေ...
သီဟလုလင် (Thiha, the Traveller)