ချစ်ခင်လေးစားရတဲ့
မိဘပြည်သူများ မင်္ဂလာပါလို့ ပထမဦးဆုံး နှုတ်ခွန်းဆက်အပ်ပါတယ်ခင်မျ
"Htout Phoet" အဖွဲ့သားများရဲ့ မျိုးစေ့သစ်ကလေးဖြစ်တဲ့ "Htout Phoet Kya Mal" ဆိုတဲ့ YouTube Channel လေးကို မိဘပြည်သူများအား မိတ်ဆက်ပေးလိုက်ပါပြီ
အထိုက်အလျောက် အားပေးထောက်ပို့မှု ရရှိလာတဲ့ "Htout Phoet" YouTube Channel လေးကို ထပ်ဆင့် ကူညီပေးမယ့် Channel လေးဆိုလည်း မမှားပါဘူး
ဒီ Channel လေးကိုက တော်လှန်ရေးအတွက်ပါ
ကျွန်တော်တို့ ပြောခဲ့ဖူးသလိုပါပဲ
ကျွန်တော်တို့ ထောက်ပို့အဖွဲ့သားတွေက မျိုးစေ့လေးပဲ ချပေးရတာပါ
ဒီမျိုးစေ့လေး အစို့လေးပေါက်လာအောင်၊ အပင်ကလေး ဖြစ်လာအောင်၊ ကြီးထွားလာအောင်၊ အသီးအပွင့်တွေရလာပြီး လောကကြီးကို အကျိုးပြုလာအောင် မြေဖွ၊ ရေလောင်း၊ ပေါင်းသင်၊ မြေဩဇာကျွေးရမှာ မိဘပြည်သူများကိုယ်တိုင်ပါ
ကဲ မျိုးစေ့သစ်လေး "Htout Phoet Kya Mal" ဆိုတဲ့ မျိုးစေ့လေးကို ဝိုင်းဝန်းပျိုးထောင်ကြရအောင်လားဗျာ
"တော်လှန်ရည်ရွယ်၊ ထောက်ပို့ကြမယ်"