MENU

Fun & Interesting

ဝက်သုံးထပ်သားပေါင်း

Cook for K1 50,579 lượt xem 2 years ago
Video Not Working? Fix It Now

နူးအိပြီးစားလို့ကောင်းတဲ့ ဝက်သုံးသားပေါင်းနဲ့ မုန့်ညှင်း ဟင်းလေးပါ။ ချိုချိုငန်ငန်အရသာလေးဖြစ်တာကြောင့် ကလေးတွေရောလူကြီးပါ ကြိုက်နှစ်သက်မှာသေချာပါတယ်။
၀က်သုံးထပ်သားကို အတုံးလိုက်ပေါင်းမှာဖြစ်တဲ့အတွက် အတုံးသေးသေးလေးတွေမလှီးတော့ဘဲ စျေးက ဝယ်လာတဲ့ အချပ်လိုက်ပဲ ပေါင်းမှာဖြစ်ပါတယ်။
ဟင်းခတ်အမွှေးအကြိုင်တွေကတော့ ကြက်သွန်ဖြူ ၈ မွှာ။ကြက်သွန်မြိတ် ၃ ပင်ပင်။ ချင်း(ဂျင်း) ၅ ပြား။ နာနတ်ပွင့နတ်ပွင့် (၁ ပွင့်)
ရယ်လိုအပ်ပါတယ်။ နာနတ်ပွင့်များရင် ဟင်းက အနံ့အရမ်းပြင်းသွားတတ်ပါတယ်။
ကြက်သွန်မြိတ်ကို ၂ လက်မ အရွယ်ပိုင်းထားပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။
ဒယ်အိုးထဲမှာ ဆီမထည့်သေးဘဲ အိုးက ပူလာပြီဆိုရင် ဝက်သားအရည်ပြားရှိတဲ့ဖက်ကို အိုးပူတိူက်ပေးပါ။ ဒါမှ မွှေးညှင်းတွေပွင့်သွားပြီး အသားညှီနံ့တွေသက်သာစေမှာပါ။ ပြီးရင် ရေထည့်ပြီး တ ရေပြုတ်ပစ်ပါတယ်။
ဒယ်အိုးထဲမှာ ဆီ ၂ ဇွန်းလောက်ထည့်ပြီး ဆီပူလာရင် နာနတ်ဖွင့်။ ချင်း (ဂျင်း)။ကြက်သွန်ဖြူ။ ကြက်သွန်မြိတ်အဖြူပိုင်းထည့်ပြီးဆီသတ်ပေးပါ။ မွှေးလာပြီဆိုရင်
သကြားခဲ သို့ သကြား ၁ ဇွန်းခွဲလောက်ထည့်ပါ။ (သကြားခဲက အချိုအရသာပေါ့ တဲ့အတွက် သကြားခဲထည့်တဲ့အခါ အနည်းငယ်ပိုထည့်ပေးပါ) သကြားတွေကို တူးအောင်ကြော်စရာမလိုဘဲ ပျော်လာပြီဆိုရင် ဟင်းချက်အရက် ခွက် တဝက် ထည့်ပါ။ ပဲငံပြာရည်အကြည်ကို စားပွဲတင်ဇွန်း ၃ ဇွန်းလောက်ထည့်ပါ။ ပဲငံပြာရည်အပျစ် အနည်းငယ်။ ရေထည့်မယ်။ ရေက အများကြီးထည့်စရာမလိုပါဘူး။ Pressure cooker နဲ့ပေါင်းမှာဖြစ်ပြီး (ရိုးရိုးပေါင်းနည်းလည်းရေးပေးထားပါတယ်ခင်ဗျာ) အိုးအောက်ခြေမှာ ချင်း (ဂျင်း) အနည်းငယ် ကြက်သွန်မြိတ်အနည်းငယ်ခင်းပြီး တရေပြုတ်ထားတဲ့ ဝက်သားထည့်ပေးပါ။ ချက်ထားတဲ့ဆော့စ်တွေထည့်ပေးပါ။
Pressure cooker က ရေမခန်းတဲ့အတွက် ရေအများကြီးထည့်စရာမလိုပါဘူး။မိနစ် ၃၀ ပေါင်းရင် ရပြီဖြစ်ပါတယ်။ (အကယ်၍ ရိုးရိုးပေါင်းအိုးနဲ့ပေါင်းမယ်ဆိုရင် မီးအားကို အသေးဆုံးထားပြီး ၁ နာရီခွဲလောက် ထားထား‌ပေးပါ လိုအပ်ပါက ရေအနည်းငယ်ထည့်ပေးပါ)
အသားပေါင်းနဲ့တွဲစားဖို့အတွက် ထိုင်ဝမ်မုန်ညှင်းကို ပြုတ်ထားပေးပါတယ်။
ပေါင်းထားတာရပြီဆိုရင် အသားကို ဖယ်ထုတ်ပြီး ဆော့စ်တွေကို စကာတခုနဲ့စစ်ချပြီး ဒယ်ပြားထဲထည့်ကာ ဆော့စ်တွေ တဝက်လောက်ကျန်တဲ့အထိ ကျိုပေးပါ။ ပြီးမှ ကော်မှုန့် ၁ ဇွန်း ရေ ၃ ဇွန်းဖျော်ထားတာကို ထည့်ပြီး ဆော့စ်အပျစ်အကျဲ မိမိစိတ်ကြိုက်ချိန်ဆပြီးရင် ပေါင်းထားတဲ့အသားပေါ် စမ်းပေးလို့ရပြီဖြစ်ပါတယ်။
ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားသုံးထပ်သားပေါင်းကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။

Comment