MENU

Fun & Interesting

ဝက်စတူး

Ei San's homemade Inspiration 37,537 lượt xem 4 years ago
Video Not Working? Fix It Now

ဝက်စတူး

ဝက်စတူးကတော့ မကြိုက်တဲ့သူရှားတဲ့ ဟင်းတခွက်ပါပဲ။ ဝက်စတူးကောင်းကောင်းလေးစားရအောင် သကြားကို ညိုနေအောင် လုပ်ပြီးမှ လုပ်ထားသော သကြား နံ မွှေးမွှေးလေးနဲ့စားလို့အလွန်ကောင်းတဲ့ ဟင်းတခွက်ပါ။ ဝက်စတူးရဲ့ အသားတွေကဆိုရင် နူးအိပြီးမွှေးကြိုင်နေတာမို့ ဒီ Video လေးကိုကြည့်ပြီးလုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဝက်သားသုံးထပ်သား - ၄၀ သား
၂။ သကြား - ထမင်းစားဇွန်း ၄ ဇွန်း
၃။ နာနတ်ပွင့် - ၃ ပွင့်
၄။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တဝက်
၅။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ပဲငံပြာရည်အကြည် (အကျဲ) (အိမ်ရှင်မတံဆိပ်) - ထမင်းစားဇွန်း ၂ ဇွန်း
၇။ Gold Label Seasoning Sauce - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၉။ ခရုဆီ (အိမ်ရှင်မတံဆိပ်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ ကန်စွန်းရွက် - လက်တဆုပ်စာခန့်
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)
=====================================

Comment