ဧရာဝတီ၊ ဧပြီ ၈၊ ၂၀၂၅
ငလျင်ဘေးကြောင့် တိုင်းပြည်ကပ်ဆိုက်နေချိန်တွင် မြန်မာပြည်နိုင်ငံ ရေး၊ စစ်ရေး ပဋိပက္ခကို ညှိနိုင်းဖြေရှင်းလိုကြသည့် ပြည်တွင်း ပြည်ပသဘောထားများအား အကောင်အထည်ပေါ်ရန်အတွက် အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း မြန်မာစစ်တပ်၏ သဘောထားပြောင်းလဲမှသာ ဖြစ်နိုင်ပေလိမ့်မည်။
လက်ရှိ ငလျင်ဘေးကယ်ဆယ်ရေးကာလတွင် NUG /PDF က မတ်လ ၃၀ ရက်နေ့တွင်၎င်း၊ မြောက်ပိုင်းသုံးဖွဲ့ ဧပြိလ ၁ ရက်နေ့တွင်ဘ၎င်း ယာယီတဖက်သတ်သတ် အပစ်ရပ်စဲသော်လည်း ဧပြီလ ၁ ရက်နေ့ထိ ယာယီအပစ်ရပ်စဲရေးကိုပင် မပြုလုပ်ဘဲ စစ်ဆက်တိုက်မည်ဟု စစ်ကောင်စီပြောဆိုနေသည်ကို တွေ့ရ၏။
သို့သော်လည်း ဧပြီလ ၂ ရက်နေ့တွင် ဧပြီလ ၂၀ ရက်နေ့ထိ အပစ်ရပ်ကြောင်း စစ်ကောင်စီက ပြောင်းလဲကြေညာသည်။ ဤသို့ကြေညာလာခြင်းသည် နိုင်ငံတကာဖိအားကြောင့်သော်၎င်း၊ ပြည်တွင်း၌ နိုင်ငံရေးအရ လက်ဦးမှု မဲ့သွား၍၎င်း၊ BIMSTEC အစည်းအဝေးတွင် မျက်နှာပမ်းလှစေရန်သော်၎င်း အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်၏။
စစ်ကောင်စီအပစ်ရပ်ကြေညာပြီးနောက် ကချင်နှင့် စစ်ကိုင်းတို့တွင် ဗုံးကြဲမြဲ ကြဲနေသည်။ သို့သော်လည်း အပစ်ရပ်ခြင်းသည် ငလျင် အရေးပေါ်ကယ်ဆယ်ရေးကာလအတွက်သာ ဖြစ်သည်။ အစပြုချက်တခုသာ ရှိသေးသည်။ နောက်ပိုင်း မသေချာသည့် သဘောဖြစ်သည်။
မြန်မာပြည်နိုင်ငံရေးပြသနာကို အမှန်တကယ် ညှိနိုင်းဖြေရှင်းလိုပါက ရှေ့ဆက်လှမ်းရန် ခြေလှမ်းများစွာရှိနေသေးသကဲ့သို့ အဓိက မြန်မာစစ်တပ်အနေနှင့်အခြေအနေမှန်ကို ပြောင်း လဲလက်ခံပြီး လက်ရှိမြန်မာစစ်တပ်၏ တင်းမာသည့်သဘောထားကို ပြောင်းလဲမှသာ ဖြစ်ပေလိမ့်မည်။
#မြန်မာ #ဧရာဝတီ #ငလျင် #စစ်တပ် #WhathappensInMyanmar #MyanmarEarthquake
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR