MENU

Fun & Interesting

ဘုံဆောင်မြင့်_ဖောင်လားကြိုး_မဟာဂီတ (စာတန်းထိုး)

Ko Lwin 6,312 lượt xem 3 years ago
Video Not Working? Fix It Now

Chapters
0:00 ပတ္တလား။ တင်တင်မြ
4:45 စောင်း။ ဦးမြင့်မောင်
9:56 စန္ဒရား။ စောင်းဦးထွန်းရှိန်၊ တင်ဝင်းမာ
15:30 ဆိုင်း။ မာမာအေး
21:25 မောင်း။ မန္တလေး ပိုင်သူ မင်္ဂလာဆိုင်း
25:31 နှဲ၊ မောင်း။ တီးလုံး

#kolwin
#မဟာဂီတစာတန်းထိုး
#မဟာဂီတယိုးဒယား

စကားပြေ_အဓိပ္ပါယ်အဖွင့်

ဘုရင်မင်းမြတ် စီးနင်းလိုက်ပါတော်မူသည့် ဖေါင်တော်ကြီးရှိ ဘုံအဆင့်ဆင့်တို့ဖြင့် ဆောက်လုပ်ထားသော ရေန်းပြသာဒ်တော်ကြီးမှာ၊ စိန်ကြောင် နီလာ စသော ရတနာ ခုနစ်ပါးတို့ဖြင့် ခြယ်လှယ်၍ တဖိတ်ဖိတ် တလက်လက် အရောင်ထွက်လျက်ရှိရာ၊ နေမင်း၏ အရောင်ကဲ့သို့ ထွန်းလင်းတောက်ပလျက်ရှိလေသည်။ ယင်း ရေနန်းပြသာဒ်တော်ကြီးမှာ မိုးဖျားထိလုမျှ ဝင့်ဝင့်ကြွားကြွား မြင့်မြင့်မားမားတည်ရှိလျက်၊ မှိုင်းခြင်း၊ မှောင်ခြင်း၊ ရီဝေခြင်းမရှိ၊ ပကတိထွန်းလင်းလျက် နေပေသည်။
မင်းတို့သာ ဆင်မြန်းရသည့် နဝရတ်ကိုးသွယ်ကို ဆင်မြန်းထားသည့် စကြာရတနာကို ပိုင်တော်မူမည့်၊ လောကသမုတိနတ်ဖြစ်တော်မူသော ဘုရင်မင်းမြန်၏ ဘုန်းတန်ခိုးတေဇော် အာနုဘောက်သည်၊ သူရိယာ နေမင်းကြီး၏ အရောင်အဝါကဲ့သို့ ထွန်းလင်းတောက်ပတော်မူပါပေသည်။
ရေန်းဗိမာန်တော်ကြီးမှာ ထူးထူးခြားခြား အလွန်ကောင်းမွန်ခံ့ညားလှပါပေသည်။ ဧရာဝတီမြစ်အပြင်ဝယ် လျှပ်စစ်လျှပ်ရောင်များ တဝင်းဝင်းတလက်လက်‌ပေါ် ထွက်နေဘိသကဲ့သို့ ရေနန်း ဗိမာန်တော်ကြီးမှ အရောင်သည် တရွှန်းရွှန်းထွန်းလင်းလျက်နေလေသည်။
ဧရာဝတီမြစ်ရေပြင် အခင်းတွင် ဘုရင်မင်းမြတ်သည် ရံရွေတော် အပေါင်း ခြံရံလိုက်ပါလျက် ရေလား ထွက်ကြွစံပယ်တော်မူလေသည်။ သော်တာလမင်းကြီးသည် ကြယ်နက္ခတ်တာရာအပေါင်း ခြံရံလျက် ကောင်းကင်ဝယ် တရွေ့ရွေ့ သွားလာနေဘိသကဲ့သို့ ဧရာဝတီမြစ်ရေ အပြင်ဝယ် ရေနန်း ဗိမာန်ကြီးကို များစွာသော လှေအပေါင်းတို့ ခြံရံလျက် ထွက်ကြွစံပယ်တော်မူရာ အမှောင်ဟူသမျှလွင့်ပျောက်၍ ထွန်းလင်းတောက်ပလျက် ရှိနေပေတော့သည်။

Comment