MENU

Fun & Interesting

သရဲအရမ်းခြောက်တဲ့ တိုက်ခန်းကိုပြောင်းလာမိတဲ့သားမိ

Burmese Recaps Story (BRS) 33,623 lượt xem 4 weeks ago
Video Not Working? Fix It Now

ျန်ဝေးဟာ သမီးဖြစ်သူ ရှီးယာနဲ့အတူ အိမ်တွင်းအကြမ်းဖက်တဲ့ ယောကျာ်းဆီက
ပြေးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအမြင့်ဆုံးနေရာဖြစ်တဲ့
လိပ်ပြာတိုက်ခန်းကို ပြောင်းလာခဲ့ပြီးနောက် ထူးဆန်းတဲ့
ကိစ္စတွေကို အဆက်မပြတ်ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခန်းထိန်းသိမ်းသူ ဘကြီးလျန်နဲ့ ခေါင်မိုးထပ်က ဦးလေးစန်းတိုက
သူ့ကို ဒီတစ်ထပ်က မသန့်ရှင်းဘူးဆိုတာ အဆက်မပြတ်သတိပေးနေပြီး
ပြောင်းနိုင်ရင် ချက်ချင်းပြောင်းသွားဖို ပြောပါတယ်။ဒါပေမဲ့
ငွေကြေးအခက်အခဲရှိနေတဲ့အတွက် ဒီမှာပဲ ဆက်နေခဲ့ပါတယ်။
တစ္ဆေတံခါးပွင့်ချိန်ရောက်တဲ့အချိန်မှာ လိပ်ပြာတိုက်ခန်းမှာ
ထူးဆန်းထိတ်လန့်စရာ ကိစ္စတွေ ပိုပြီးတော့ ဖြစ်ပျက်လာခဲ့ပါတယ်။
ဒါပေမဲ့ အရင်ကတည်းက နေထိုင်သူတွေကတော့ မထူးဆန်းတော့သလိုပါပဲ။
ကုန်စုံဆိုင်က အဒေါ်စွင်း၊ တစ္ဆေမြင်ရတဲ့ အဒေါ်စွင်းရဲ့ မြေးလေး၊
သွက်လက်ပြီး သဘောကောင်းတဲ့ အစားထိုး ထိန်းသိမ်းသူ ရှောင်လျန် စတဲ့ လူတွေနဲ့ တိုက်ခန်းရဲ့ တကယ့် တစ္ဆေ တံခါးပွင့်တဲ့ အချိန်မှာ ဘာတွေ ဆိုးဝါးစွာ ရင်ဆိုင်ကြရမဲ ဆိုတာကို ကြည့်ရှု့လိုက်ကြရအောင်ပါခင်ဗျ......................

Comment