MENU

Fun & Interesting

ခင်ပွန်းနဲ့ရင်သွေးကိုစွန့်ပြီး သာသနာ့ဘောင်ဝင်ခဲ့တဲ့ ဆရာလေးခေမာရံသီ(ခ)မချစ်မြတ်နိုး (စ/ဆုံး)

NewsWatch Myanmar 988,812 lượt xem 2 years ago
Video Not Working? Fix It Now

လူအမည် မချစ်မြတ်နိုး၊ ဘွဲ့အမည် မခေမာရံသီဟုခေါ်သည်။

ဓနဥစ္စာနှင့် ပညာအပြင် ရုပ်ရည်ရူပကာ ချောမောပြေပြစ်မှုကိုပါ ပိုင်ဆိုင်ထားသော မိန်းကလေးတဦးဖြစ်သော်လည်း လန်းဆန်းတက်ကြွသည့် အရွယ်ကောင်းအချိန်မှာ လောကီအာရုံ ကာမဂုဏ်တွေကို အပြီးတိုင် စွန့်လွှတ်ခဲ့သည်။

မချစ်မြတ်နိုးသည် ရွှေဆိုင်ပိုင်ရှင်ဖြစ်ကာ လောကီလူ့ဘောင်တွင် ပူပင်ကြောင့်ကြမဲ့ နေထိုင်နိုင်ပါလျက်နှင့် ခင်ပွန်းသည်နှင့် မိမိ၏ဝမ်းမှကျွတ်ခါစ ၁ နှစ်သားအရွယ် လူမမည်ရင်သွေးလေးကိုစွန့်လွှတ်ကာ သာသနာ့ဘောင်ထဲ အပြီးတိုင်ဝင်ရောက်ခဲ့သည့် ထူးထူးခြားခြားပါရမီရှင် အမျိုးသမီးဖြစ်ပါသည်။

ယခုအခါ မချစ်မြတ်နိုးမဟုတ်တော့သည့် ဆရာလေး ခေမာရံသီသည် သူမ ထူထောင်ထားသော သုညတဓမ္မရံသီ တရားရိပ်သာမှာ နေ့စဉ် တရားဘာဝနာ ပွားများခြင်း၊ တရားပြခြင်းများဖြင့်သာ နေထိုင်ဖြတ်သန်းလျှက်ရှိသည်။

သုညတဓမ္မရံသီ တရားရိပ်သာသည် သစ်တပင်ကောင်း ငှက်တသောင်းဆိုဘိသကဲ့သို့ ဗုဓ္ဒဘုရားရှင်၏ တရားရိပ်၌ ခိုလှုံဝင်ရောက်လိုသည့် လူယောကျ်ား၊ လူမိန်းမ၊ ရှင်ရဟန်းနှင့် သာသနာ့နွယ်ဝင် သီလရှင်များအားလုံးအတွက် အေးမြသည့်အရိပ်တခု၊ သံသရာမှ ထွက်မြောက်ရာလမ်းရှာဖွေရာတွင် အထောက်အပံ့ကောင်းတခုအဖြစ် ဖြစ်လျှက်ရှိနေပါသည်။

Comment