MENU

Fun & Interesting

အမေဖြစ်စေချင်တာကို လုပ်ပေးဖို့ ကြိုးစားရုံပါပဲ (ရုပ်/သံ)

The Irrawaddy News 16,814 1 week ago
Video Not Working? Fix It Now

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားအငယ် ကင်(မ်)အဲရစ် (ခေါ်) ကိုထိန်လင်းက အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ ကိုယ်စားလက်ခံရယူခဲ့ပါတယ်။ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို စစ်ကောင်စီရဲ့ ဖမ်းဆီး၊ ထောင်ဒဏ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ဆုပေးပွဲကို မေလ ၂၅ ရက်နေ့က ကျင်းပခဲ့တာပါ။ ရရှိလာတဲ့ဆုကြေးငွေတွေကို မြန်မာပြည်သူတွေရဲ့ပညာရေးအတွက် အသုံးချသွားမယ်မယ်လို့ သားဖြစ်သူ ကင်အဲရစ် (ခေါ်) ကိုထိန်လင်းက ဆိုပါတယ်။ မကြာခင်မှာ အသက် ၈၀ ပြည်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ကမ်ပိန်း လှုပ်ရှားမှုတွေ အဆက်မပြတ်လုပ်နေတဲ့ ကင်(မ်) အနေနဲ့ ဆုလက်ခံရယူခဲ့တာ၊ မြန်မာနိုင်ငံအရေးနဲ့ မိခင်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်နေလဲဆိုတာတွေကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။ #မြန်မာ #ဧရာဝတီ #ပြည်သူ့ဂုဏ်ရည်ဆု #ဒေါ်အောင်ဆန်းစုကြည် #ကိုထိန်လင်း #ကင်မ်အဲရစ် #ပညာရေး စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy

Comment