MENU

Fun & Interesting

ရွေးကောက်ပွဲ မဟုတ်တဲ့ နိုင်ငံရေး အဖြေက ဘာလဲ - BBC News မြန်မာ

BBC News မြန်မာ 141,635 lượt xem 2 days ago
Video Not Working? Fix It Now

NUG လက်ရှိ ကြုံတွေ့နေရတဲ့ ပြည်တွင်း နိုင်ငံရေးနဲ့ နိုင်ငံခြားရေး ဆိုင်ရာ အဓိက စိန်ခေါ်ချက်တွေက ဘာလဲ .... ရွေးကောက်ပွဲ က အဖြမဟုတ်ဘူး ဆိုရင် လက်နက်ကိုင် တော်လှန်ရေးက နေရာ နိုင်ငံရေး အဖြေထုတ်နိုင်မှာလား .... ၊ စစ်ကောင်စီဘက်ကို အကျိုးစီးပွားအရ တရုတ်က ရပ်တည်ပေးတယ် ဆိုရင် နွေဦးတော်လှန်ရေး အပေါ် နားလည်ပေးဖို့ ဆိုတာ ဖြစ်နိုင်မလား၊ NUG အနေနဲ့ အားလုံးအပေါ် လွှမ်းခြုံတဲ့ ဗဟို အစိုးရ တစ်ရပ် အဖွယ် လှုပ်ရှားနေတဲ့ အပေါ် ပြောင်းလဲ လာနိုင်စရာ ရှိလားဆိုတဲ့ ဆန်းစစ်ချက်တွေ နဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနဲ့ CRPH၊ NUG ဆိုတာ အတူတူပဲလား ဆိုတာတွေ အထိ အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ဖြေဆို ထားပါတယ်။

ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး သီးသန့်မေးမြန်း ထားတာကို ဇွန်လ ၇ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့် ပေးမှာမို့ စောင့်မျှော် ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း #ဒေါ်ဇင်မာအောင် #NUG #တရုတ်အရေးမူဝါဒ

Comment