MENU

Fun & Interesting

"မင်းအောင်လှိုင်အုပ်စုကိုပိတ်တာ အခြေခံလူတန်းစားဒုက္ခရောက်မယ်လို့ ဘာလို့ပြောသလဲ၊"

Khit Thit Media 232,886 lượt xem 5 days ago
Video Not Working? Fix It Now

“မင်းအောင်လှိုင်အုပ်စုကို ငွေရေးကြေးရေး စီးဆင်းမှုကို ပိတ်တာကအခြေခံလူတန်းစား ဒုက္ခရောက်မယ်လို့ ပြောသလဲ၊ ဂျက်လေယာဉ်ပျံဆီ လောင်စာပိတ်တာက ဘာကြောင့် လှိုင်သာယာကလူ အလုပ် ပြုတ်မလဲ ”

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်ဆက်သွယ် မေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူဖို့ ဇွန်လ ၅ ရက်နေ့က ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ (ILC) မှာ အလုပ်သမားအခွင့်အရေး နဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ILO Article 33 အရ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီအရေးယူမှုဟာ လေယာဉ်ဆီ တင်သွင်းခွင့်နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကိုပစ်မှတ်ထားတာဖြစ်ပြီး ဦးပိုင်ကုမ္ပဏီ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေပိုင်တဲ့ ကုမ္ပဏီတွေ၊ စစ်တပ်နဲ့အကျိုးစီးပွားပတ်သက်ဆက်နွယ်နေတဲ့ သူတွေကို အဓိက အရေးယူသွားဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုပါတယ်။

အခုလိုအရေးယူမှုမှာ ဘယ်လိုတွေသက်ရောက်နိုင်လဲ ဘယ်လိုအရေးယူမှာလဲ၊ဘယ်လောက် ထိ သက်ရောက်မှုရှိမလဲ ဆိုတာအပါအဝင် အကြောင်းအရာတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် ကိုဆက်သွယ်မေးမြန်းထားပါတယ်။

Comment