MENU

Fun & Interesting

ရဟန်းတစ်ပါးမှမရှိပဲ ဆွမ်းဝိုင်းတွေပြင်ပေးထားရတဲ့ တောနက်ထဲက ကျောင်းပျက်ကြီးများ

myanmaradventure traveler 1,006,247 lượt xem 8 months ago
Video Not Working? Fix It Now

ဒီ vlog လေးကတော့ ရှေ့တစ်ပတ်က တင်ပြခဲ့တဲ့ ဒေးစွန်ပါတောနက်ထဲက ကျောင်းပျက် ကြီးများ ဆိုတဲ့ vlog လေးရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဒီကျောင်းပျက်ကြီးတွေကတော့ ရဟန္တာကျောင်းလို့ ခေါ်တဲ့ ဘုန်းကြီးကျောင်းတော်ကြီးတွေပဲဖြစ်ပါတယ်။ ဒီကျောင်းကြီး တွေထဲမှာတော့ ရဟန်းတစ်ပါးမှ သီတင်းသုံးနေထိုင်တာမရှိပဲ ဆွမ်းဝိုင်းတွေ အသင့်ပြင်ဆင်ပေးထားတာကို အံ့ဩစရာအဖြစ် တွေ့ရှိခဲ့ရပါတယ်။ ဒီဆွမ်းဝိုင်းတွေ ဘာကြောင့် ပြင်ဆင်ပေးထားရလဲဆိုတာကို စုံစမ်းကြည့်တဲ့အခါမှာတော့ ဒီကျောင်းပျက်ကြီးတွေဆီကို ရဟန္တာဆရာတော်ကြီးတွေဟာ နံနက်ခင်းအရုဏ်တက်ချိန်နဲ့ နေ့လည်ခင်းဆွမ်းစားချိန်တွေ မှာ တစ်ခါတစ်ရံ ဆွမ်းစားကြွလေ့ရှိတယ်လို့ အံ့ဩဖွယ်သိရှိခဲ့ရပါတယ်။ ဝါတွင်းကာလ အချိန်တွေမှာဆိုရင် ကပ်လှူထားတဲ့ဆွမ်းတွေ ကုန်တဲ့အထိ ဘုန်းပေးကြတာကို ကြုံတွေ့ရ တတ်တယ်လို့လည်း သိရှိခဲ့ရပါတယ်။ ဒါကြောင့် အခုလို အံ့ဩစရာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒေးစွန်ပါတောနက်ထဲက ကျောင်းပျက်ကြီးတွေအကြောင်းကို ဒုတိယ အကြိမ် ပြည့်ပြည့်စုံစုံ ထပ်မံတင်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။

Comment