MENU

Fun & Interesting

ဘာကြောင့် အစ္စရေးကို တိုက်ရတာလဲ

KT Media (Myanmar) 299,556 lượt xem 1 year ago
Video Not Working? Fix It Now

အစ္စရေးတို့ ဆိုးဆိုဝါးဝါး ထိခိုက်ပျက်စီးခဲ့ရပါပြီ။ တိုက်ခိုက်မှုတွေအားလုံးမှာ အဓိကအသုံးပြု ထားတဲ့ လက်နှက်တွေက ဒုံးလက်နှက်တွေ ဖြစ်ပါတယ်။ ဂျူး တွေရဲ့အဓိက အားလပ်ရက်မှာ အံ့ဩ မင်သက် ရလောက်အောင် ဟာမာစ် တို့ သူတို့ဒုံးပျံတွေကို အစုအပြုံလိုက် ပစ်လွှတ်လိုက်ကြတာ ဖြစ်ပါတယ်။ နယ်ခြား ခြံစည်းရိုးတွေကို ဖြိုချပစ်ဖို့ ပေါက်ကွဲအား အပြင်းစား ဖောက်ခွဲရေးပစ္စည်းတွေကို ဟာမာစ် တို့အသုံးပြုခဲ့ကြပါတယ်။ ဒီကနေ နီးစပ်ရာ အစ္စရေးမြို့တွေကို မော်တော်ဆိုင်ကယ်တွေ၊ ပစ်ကပ် ထရပ် ကားတွေ၊ ဂလိုင်ဒါတွေ နဲ့ ဖြတ်ကျော်ဝင်‌ရောက်သွားခဲ့ကြပါတယ်။ အများအားဖြင့် ဂါဇာကမ်း မြှောင် အပြင်ဘက်မှာ ဂျူးတွေ ကျူးကျော် အခြေချထားတဲ့ မြို့ (၂၂) မြို့ ကို ပစ်မှတ်ထား ဝင်ရောက် သွားကြတာ ဖြစ်ပါတယ်။ အချို့မြို့တွေက ဂါဇာ နယ်စပ်ကနေ (၂၄) ကီလိုမီတာလောက် ဝေးပါတယ်။ အသေးစိတ်စာရင်း မဟုတ်ပေမယ့်၊ တိုက်ခိုက်မှု အစမှတင် အရပ်သားတွေအပါအဝင် အစ္စရေး စစ်သည် (၁၂၀၀) လောက် အသေအပျောက်ရှိ နိုင်တယ်လို့ နိုင်ငံတကာ သတင်းအစီရင်ခံစာတွေက ခန့်မှန်းထားကြပါတယ်။ ဟာမာစ် တို့ထုတ်ပြန်ထားတဲ့ ဆိုရှယ်မီဒီယာ ဗွီဒီယိုအထောက်အထားတွေ အရ အစ္စရေး စစ်တပ်သုံး ကရိယာတွေ နဲ့ ဓားစာခံတွေကို ဖမ်းဆီး သယ်ဆောင်သွားနေကြ ဒါတွေကို လည်းတွေ့နေရပါတယ်။ တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးအစိုးရက “စစ်ကြေညာ” ခဲ့ပြီး အစ္စရေးအရံတပ် တွေကိုလည်း ခေါ်ယူခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးတို့ စစ်ဆင်ရေးတွေ အဆက်မပြတ် လုပ်နိုင်ခဲ့ကြတယ်ဆိုပေမယ့် စစ်က west bank နဲ့ လက်ဘနွန် သို့ထိ ကျယ်ပြန့်သွားနိုင်ပါတယ်။ ရှေ့ဆက်ဖြစ်လာနိုင်မလဲဆိုတာ မသေရှာဘူးဆိုပေမယ့် ငြိမ်သက်သွားနိုင်စရာ အခြေအနေမျိုး မရှိသ လောက်ဖြစ်နေတာနဲ့အတူ တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းတရားကြီးကို မှန်မှန်ကန်ကန် စဉ်းစားတွေးနိုင်ဖို့ကလည်း ဧရာမစိန်ခေါ် မှုကြီးတစ်ခု ဖြစ်နေပါတယ်။ လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်တွေ၊ နျူကလီယားသဘောတူညီချက်တွေ၊ ဒါတွေက အီရန် ၊ ဆော်ဒီအာရေးဗီး ယားတို့နဲ့ တိုက်ရိုက်သက်ဆိုင် နေပါတယ်။ ကျွန်တော်ပုရိသတ်အနေနဲ့ ကစားသမားကြီးတွေက အန္တရယ်များ တယ်ထင်ရင် ကစားသမားလေးတွေက ဘာတွေများစွမ်းဆောင်နိုင်ကြမလဲ ဆိုတဲ့ထိ စောင့်ကြည့်နေကြဖို့လို ပါလိမ့်မယ်။

အမှန်တရားကို ကျွန်တော်တို့ ဝန်ခံကြသည်ဖြစ်စေ ဝန်မခံကြသည်ဖြစ်စေ အမှန်တရားက ကျွန်တော်တို့ကို ဝန်ခံစေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါ တယ်။

Comment