ဇလွန်ပြည်တော်ပြန်ဘုရား နှင့် ရဟန္တာဓာတ်တော်စေတီ ဘုရားဖူးခရီးစဉ်
ဒီ vlog လေးကတော့ ဇလွန်မြို့က တန်ခိုးကြီး မာရ်အောင်မြင်ပြည်တော်ပြန်ရုပ်ပွားတော် မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့ကြတဲ့ ဘုရားဖူးခရီးစဉ်လေးပဲဖြစ်ပါတယ်။ ဇလွန်မြို့ဟာ မာရ်အောင်မြင်ရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ မြို့လေးတစ်မြို့ဖြစ်တဲ့အပြင် ၊ အခြား ထင်ရှားတဲ့ ဦးသီလရဟန္တာစေတီတော်၊ ဗုဒ္ဓအံတော်မြတ်တို့တည်ရှိတဲ့အပြင်၊ ဇလွန်မြို့က နေ ၃ မိုင်ခွဲအကွာမှာတည်ရှိတဲ့ ကညင်ကွင်းကျေးရွာလေးမှာလည်း နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းစေတီတော်ကြီးတစ်ဆူလည်း တည်ရှိလို့နေပါတယ်။ ဒါကြောင့် ဒီခရီးစဉ်လေးမှာ ဇလွန်ပြည်တော်ပြန်ဘုရားဖူးခရီးစဉ်အပြင် ရှေးဟောင်း စေတီတော်ကြီးကိုပါ သွားရောက်ဖူးမြော်လေ့လာခဲ့ကြတာတွေကို ထည့်သွင်းတင်ပြပေးထားပါ တယ်ခင်ဗျာ။