တော်လှန်ရေးတပ်များ၏ ထိန်းချုပ်မှုအောက် အလုံးစုံကျရောက်တော့မည့် တရုတ်ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း
တော်လှန်ရေးတပ်များ၏ ထိန်းချုပ်မှုအောက် အလုံးစုံကျရောက်တော့မည့် တရုတ်ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း
……..
နိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှ အလယ်ပိုင်း မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့် တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့အထိ သွယ်တန်း ထားသော တရုတ်ပိုက်လိုင်းဖြတ်သန်းရာ ဒေသအများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EROs) နှင့် တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီဖြစ်သည်။
ထိုပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်သည်။
ရခိုင်ပြည်နယ်၊ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ပြီးနောက် ပိုက်လိုင်းဖြတ်သန်းရာ မကွေးတိုင်းအတွင်းတွင်လည်း စစ်ရေးလှုပ်ရှားမှု ပိုကျယ်ပြန့်လာနေ သည်။
တရုတ်-မြန်မာ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ လုံခြုံရေးကို စစ်ကောင်စီက ထိန်းချုပ်နိုင်မှုကင်းမဲ့လာခြင်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးကိုလည်း အကျပ်ရိုက်စေမည် ဖြစ်သည်။
အောင်ခမ်း၊ ဟန်လင်း