MENU

Fun & Interesting

အင်ဒိုနီးရှား နဲ့ မလေးရှားတို့ မွတ်စလင်တိုင်းပြည်တွေ ဘယ်လို ဖြစ်လာကြသလဲ

KT Media (Myanmar) 302,090 lượt xem 2 years ago
Video Not Working? Fix It Now

အစ္စလာမ် မွေးဖွားလာရာ မူလဘူတက အာရေးဗီးယားဆိုတာ ကျွန်တော်တို့ အားလုံးသိပြီး ဖြစ်ပါတယ်။ အာရေးဗီးယားကနေ အရှေ့အလယ်ပိုင်းတစ်ခုလုံးသို့ အမြန်ဆုံးနှုန်းနဲ့ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ သို့သော် ကိုယ်တော်မြတ်ကြီးလွန်ပြီး နှစ်ပေါင်း (၁၄၀၀) နောက်ပိုင်း၊ ကမ္ဘာ့မွတ်စလင်လူဦးရေအများဆုံး တိုင်းပြည်က အရှေ့အလယ်ပိုင်းက မဟုတ်ပဲ အစ္စလာမစ်ကမ္ဘာရဲ့ အစွန်အဖျားဒေသတစ်ခုဖြစ်တဲ့ အရှေ့ တောင်အာရှဒေသက ဖြစ်နေပါတယ်။ အဲ့ဒီနိုင်ငံက အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ မွတ်စလင်လူဦးရေးအများဆုံး တိုင်းပြည် ဖြစ်ပါတယ်။ ကမ္ဘာ့မွတ်စလင် လူဦးရေ ဒုတိယအများ ဆုံးနိုင်ငံက ပါကစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားက ပိုများတယ်ဆိုပေမယ့် မတိမ်းမယိမ်း လောက်ပို များတာဖြစ်ပါတယ်။ အင်ဒိုနီးရှား နဲ့အတူ မလေးရှား၊ ဘရူနိုင်း နိုင်ငံတွေဟာ အိန္ဒိယန်း အစ္စလာမစ် ယဉ်ကျေးမှု အဝိုင်းအဝန်းထဲက မဟုတ်ပဲ တမူကွဲပြီး ထူးထူးခြားခြား ကွဲထွက်နေတဲ့ လူ့အဖွဲ့အစည်း အသွင်ဆောင်နေပါတယ်။ ဒီလိုဆို ဒီတိုင်းပြည်တွေ ဘယ်လိုဘယ်ချင်း မွတ်စလင်တိုင်းပြည်တွေ ဖြစ်လာ ကြပါသလဲ။ ဒီအခန်းမှာ ကျွန်တော်တို့ ဒီမေးခွန်းရဲ့ အဖြေကို လေ့လာဆန်းစစ်ကြည့်ကြပါမယ်။

================================
ဤသမိုင်းတင်ပြမှုများတွင် အသုံးပြုထားသော တိုင်းပြည်၊ နိုင်ငံ၊ အင်ပါယာ တို့၏ မြေပုံများ၊ သက်ဆိုင်ရာ နိုင်ငံ၊ အင်ပါယာ တို့၏‌‌အလံများ နှင့် သရုပ်ပြအဆောက်အဦးတို့သည် နားလည်းလွယ်ကူစေရန် ခန့်မှန်း ရေးဆွဲထားခြင်းမျှသာဖြစ်၍ ၁၀၀% အတိအကျဖြစ်သည်ဟု မယူဆစေလိုပါ။ သမိုင်းကြောင်းများ တင်ပြရာတွင် နားလည်းလွယ်ကူစေရန် အနီးစပ်ဆုံး သရုပ်ပြရေးဆွဲထားခြင်းမျှသာ ဖြစ်ပါသည်။
_____________________ ___________________________
Music by : (1) An Epic Stroy (MaxKoMusic.com)
(2) John Bartmann

Comment