3 Days in Boracay, Philippines | ဖိလစ်ပိုင် ဘိုရာကိုင်းကျွန်း ကို ဘယ်လိုလည်မလဲ?
ဖိလစ်ပိုင်နိုင်ငံ ဟာ ကျွန်းနိုင်ငံဖြစ်တဲ့အားလျော်စွာပဲ လည်ပတ်စရာ သိပ်လှတဲ့ကျွန်းမြို့တွေများပါတယ်။ အဲ့ဒီအထဲမှာ ဘိုရာကိုင်းကျွန်း ဟာ ကမ္ဘာ့လှည့်ခရီးသွားတွေကြား အထင်ကရ အဖြစ်ဆုံးပါ။ ကျွန်တော်လည်း ဖိလစ်ပိုင်မှာ သဘောအကျဆုံးနေရာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ရဲ့ အလယ်ပိုင်းမှာရှိတဲ့ ဘိုရာကိုင်းကျွန်းပေါ်မှာ ပင်လယ်ကစားနည်းမျိုးစုံ ဆော့ကစားဖို့ အရမ်းကောင်းတဲ့အပြင် သိပ်လှတဲ့ ကမ်းခြေတွေ၊ ပေါင်ဒါမှုန့်လို နူးညံ့နေတဲ့သဲပွင့်တွေ၊ စည်ကားသက်ဝင်တဲ့ ကမ်းခြေဈေးတန်းတွေ၊ ကမ်းခြေဟိုတယ်တွေနဲ့ အစားအသောက်ကောင်းတွေရှိရာမို့ ဘယ်လိုဘယ်ပုံ လည်ပတ်နိုင်သလဲဆိုတာကို ဒီ ခရီးသွားဗီဒီယိုကနေ တင်ဆက်ပေးလိုက်ပါတယ်ဗျ...
အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ
သီဟလုလင် | Thiha, the Traveller