တတိယပိုင်းလေးမှာတော့ အိန္ဒိယအနောက်မြောက်ပိုင်းဒေသ က ပန်ဂျပ်ပြည်နယ်ရဲ့ မြို့တွေဖြစ်တဲ့ ချန်ဒီဂါမြို့ နဲ့ အမ်ရစ်စာမြို့တွေကို ခရီးဆက်ထားကြပါတယ်။
ပန်ချာပီတွေနေထိုင်ရာမြို့တွေ ဖြစ်ပြီး ချန်ဒီဂါမြို့ဟာ သစ်ပင်ပန်းမန်မြို့တော်တစ်ခု ဖြစ်တဲ့အပြင် အာရှအကြီးဆုံးနှင်းဆီဥယျာဉ် တည်ရှိရာ အိန္ဒိယရဲ့ အသန့်ရှင်းဆုံးမြို့လည်း ဖြစ်ပါတယ်။ အမ်ရစ်စာမြို့ကတော့ ပါကစ္စတန်နိုင်ငံ နဲ့ နယ်စပ်မြို့လေး ဖြစ်ပြီး ဆစ်ခ်ဘာသာဝင်တွေ အများအပြားရှိတဲ့မြို့ပါ။ ဆစ်ခ်ဘာသာဝင်တွေ အထွတ်အမြတ်အထားဆုံး ရွှေကျောင်းတော်ကြီး ရှိရာမြို့လည်း ဖြစ်ပါတယ်။
ဒီဗီဒီယိုမှာတော့ ဒီမြို့နှစ်မြို့အကြောင်းကို မြင်တွေ့ကြရမှာပါ။ ဒီဗီဒီယို ဟာ Reality Travel Show ဖြစ်တဲ့အတွက် ဘာမှ ဖြည့်စွတ်ပြင်ဆင်ရိုက်ကူးခြင်းမရှိဘဲ လက်တွေ့ကျကျ ရိုက်ကူးတင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူတိုင်း ကိုယ်တိုင်လိုက်ပါခရီးထွက်ရတဲ့ ခံစားမှုကို သေချာပေါက်ရရှိမှာ ဖြစ်ပါတယ်ခင်ဗျာ...
အားလုံး အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ
သီဟလုလင် (Thiha, the Traveller)