MENU

Fun & Interesting

ဒေါ်လာဈေး အတက်အကျဘာလို့ဖြစ်တာလဲ (Exchange Rate )

K2K Knowledge Bank 19,888 lượt xem 3 years ago
Video Not Working? Fix It Now

00:00-00:49-Introduction
00:49-01:21- Bread Price Example
01:21-02:02-Emergence of the Exchange Rate Market
02:02- 07:20 -Reason for fluctuating
07:20-08:19-Method of Dollar price to depreciate
08:19-08:58-Conclusion

K2K ပရိသတ်များအားလုံးမင်္ဂလာပါ။ K2K ရဲ့အထူးအစီအစဥ်လေးလာပါပြီ။ ကိုကျော်ရဲအောင် ဆိုတဲ့ ညီလေးရဲ့ တောင်းဆိုထားတဲ့ ငွေလဲနှုန်းများ ရဲ့ အဓိပ္ပာယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်အရင်က ငွေလဲနှုန်းနဲ့ပတ်သက်ပြီး တင်ဆက်ပေးထားတာရှိပါတယ်၊ သို့သော်လည်း ဗီဒီယို ကွာလတီ မကောင်းတာ အသံအရည်အသွေးမကောင်းတာ စတာတွေကြောင့် သိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိဘူး ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင်ကို ဒီခေါင်းစဥ်လေးကိုရှင်းပြခြင်းဖြင့် ကျွန်တော်တို့ မြန်မာပြည်အတွက်လည်း အကျိုးရှိနိုင်မယ်လို့ယုံကြည်တာကြောင့် ဒီကနေ့ တင်ဆက်ဖို့ ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

ငွေလဲနှုန်း အကြောင်းကို ဒီကနေ့ကျွန်တော် အပိုင်း (၃) ပိုင်းခွဲပြီးတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ (၁) မုန့်စျေးတန်းဥပမာ
(၂) ငွေလဲနှုန်းဆိုတာဘာလို့ ပေါ်ပေါက်လာတာလဲ
(၃) ငွေလဲနှုန်း အတက်အကျတွေ ဘာလို့ဖြစ်ရတာလဲ

ဆိုတဲ့ အပိုင်း(၃) ပိုင်းနဲ့ ခွဲခြားပြီး တင်ပြသွားမှာဖြစ်ပါတယ်။

ကျွန်တော် တစ်နေ့က ပင်လုံဆေးရုံရဲ့ မုန့်စျေးတန်းကို ရောက်ရှိသွားတယ်ဗျ။ အဲ့ဒီမုန့်စျေးတန်းလေးထဲမှာ ငွေသားနဲ့ ရှင်းလို့ မရပဲ ကဒ်သီးသန့်လေး လုပ်ပြီး ပိုက်ဆံရှင်းရတယ်ဗျ။ အဲ့တော့ မုန့်စျေးတန်းမဝင်ခင် အရင်ဦးစွာ ပိုက်ဆံနဲ့ ကဒ် လဲပေးတဲ့ ငွေလဲကောင်တာကို အရင်ဝင်ရပါတယ်။ ပြီးမှ မုန့်ဝယ်စားလို့ရတဲ့သဘောပေါ့။ အကယ်၍ အဲ့ဒီမုန့်စျေးတန်းက ကဒ်အစား စင်ကာပူဒေါ်လာနဲ့ ဝယ်မှ ရမယ်လို့ သတ်မှတ်ထားရင် ကျွန်တော်တို့တွေ စင်း ဒေါ်လာနဲ့ လဲပြီး မုန့်ဝယ်စားရမှာဖြစ်ပါတယ်။ ဒါဆို ကျိန်းသေပေါက် စင်းလဲဒေါ်လာငွေလဲတဲ့နေရာကို ရှာပြီးမှ မုန့်စားလို့ရမှာဖြစ်ပါတယ်။

ထိုနည်းတူပါပဲ ကျွန်တော်တို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ ကိုယ်ပိုင်ငွေကြေးစနစ်တွေရှိကြပါတယ်။ ဒါကြောင့် တခြားငွေကြေးစနစ်အသုံးပြုတဲ့ နိုင်ငံက ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲဖို့ ဆိုရင် သူတို့ နိုင်ငံတွေရဲ့ သက်ဆိုင်ရာငွေကြေးကို ပြောင်းလဲပြီး သုံးမှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်ကူးမယ်ဆိုရင် သက်ဆိုင်ရာ ငွေကြေးတွေကို လဲလှယ်ပြီးမှ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဒါကြောင့်ပဲ ငွေလဲခြင်း စျေးကွက်ကြီးဆိုတာပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

Kyaw Ye Lynn
18th Nov 2021

Comment