MENU

Fun & Interesting

ပုဂ္ဂလိက​ဆေးရုံ​တွေကို အနိုင်ကျင့်​ငွေညှစ်​နေတဲ့ စစ်​ကောင်စီ | People's Spring

People's Spring 29,494 lượt xem 11 hours ago
Video Not Working? Fix It Now

ပုဂ္ဂလိက​ဆေးရုံ​တွေကို အနိုင်ကျင့်​ငွေညှစ်​နေတဲ့ စစ်​ကောင်စီ

ဒီပ/People's Spring

စစ်​ကောင်စီက ပုဂ္ဂလိကဆေးရုံ​တွေကို အ​ကြောင်းပြချက်မျိုးစုံနဲ့ ဖိအား​ပေးပိတ်ခိုင်းပြီး ​ငွေညှစ်​နေတဲ့ အ​ကြောင်း ဒီတစ်ပါတ်​ပြောပြပါမယ်။

စစ်​ကောင်စီဟာ ​နွေဦး​တော်လှန်​ရေးမှာ အကြမ်းမဖက်ပဲအာဏာဖီဆန်ကြတဲ့ CDM ဝန်ထမ်း​တွေကို အညှိုးတကြီး နဲ့ ဒုက္ခ​ပေးဖို့အမြဲကြိုးစား​နေပါတယ် ။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM ​တွေရဲ့ ရဲရင့် မှု​ကြောင့် စစ်​ကောင်စီဟာ အုပ်ချုပ်​ရေးယန္တရား​တွေကို ပုံမှန်လည်ပတ်နိုင်ဖို့ အာဏာသိမ်းပြီး ​လေးနှစ်ကြာတဲ့တိုင် ရုန်းကန်​နေရဆဲ ဖြစ်ပါတယ်။

​ရွေး​ကောက်ခံအရပ်သားအစိုးရ​အောက်မှာအ​ကောင်းဆုံးတာဝန်ထမ်းခဲ့ကြပြီး စစ်တပ်အာဏာသိမ်းတဲ့ အခါ အာဏာသိမ်းမှုလက်မခံပဲ CDM ပြုလုပ်ကြတဲ့ အထဲမှာ ကျန်းမာ​ရေး ဝန်ထမ်း​တွေ ၊ပညာ​ရေး ဝန်ထမ်း​တွေကအများဆုံးဖြစ်ပါတယ် ။

နိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ထမ်း​ပေါင်း တစ်သိန်းဝန်းကျင်​​လောက်ရှိတာမှာ CDMပြုလုပ်တဲ့ကျန်းမာရေးဝန်ထမ်းငါး​သောင်း ဝန်းကျင် ရှိတယ်လို့လည်းသိရပါတယ် ။

စစ်​ကောင်စီက CDM ​ဝန်ထမ်းတွေကို စစ်တပ်လက်​အောက်မှာ အလုပ်ပြန်လုပ်ဖို့ အကြိမ်ကြိမ် မြူဆွယ်သလို ၊ ဖမ်းဆီး​ထောင်ချတာ၊ပြည်ပထွက်ခွာခွင့် မရ​အောင်တားဆီးတာ ၊ အလုပ် ဆက်လုပ်ခွင့်မရ​အောင် ပိတ်ပင်တာ စတဲ့ နည်းလမ်းမျိုးစုံသုံး နှိပ်ကွပ်သလို ၊တချို့ကိုဆိုရင် စစ်​ကောင်စီလက်​အောက်ခံလက်နက်ကိုင်​တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်အထိ့အကြမ်းဖက်ခဲ့ပါတယ်။

စစ်​ကောင်စီက အညှိုးတကြီးနဲ့ ဖျက်ဆီးဖို့ ကြိုးစား​နေတဲ့ အထဲမှာ စစ်တပ်ကို ဒူးမ​ထောက်တဲ့ CDM ဆရာဝန်​​တွေ ၊သူနာပြု​တွေစတဲ့ ကျန်းမာ​ရေး ဝန်ထမ်း​တွေက ထိပ်ဆုံးပါ ပါပါတယ်။ CDM ကျန်းမာ​ရေးဝန်ထမ်း​တွေ ပြည်ပထွက်အလုပ် လုပ်ဖို့မရ​အောင် တားဆီးပိတ်ပင်ဖမ်းဆီးနဲ့ နည်းလမ်း​တွေလုပ်သလို ၊ပြည်တွင်းမှာလည်း အသက်​မွေးဝမ်း​ကြောင်းပြုလို့မရ​အောင် CDM ကျန်းမာ​ရေး ဝန်ထမ်း​တွေ ကိုအလုပ်လုပ်ခွင့် ပြုတဲ့​ပုဂ္ဂလိကဆေးရုံ​တွေ၊ ​ဆေးခန်း​တွေကိုပါ ပိတ်သိမ်းခိုင်းတာ ၊အကြမ်းဖက်တာ​တွေ လုပ်ပြီး ဒုက္ခအမြဲ​ပေး​နေပါတယ် ။

စစ်တပ်အာဏာသိမ်းပြီး ​လေးနှစ်ဝန်းကျင်ရှိလာတဲ့၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်က ပုဂ္ဂလိက​ဆေးရုံ​တွေကို ဒုက္ခ​ပေးတာ ပိုလုပ်လာခဲ့ပါတယ် ။

ဒီတခါ ဒုက္ခ​ပေးတာက​တော့ CDM ဆရာဝန်​တွေ ၊သူနာပြု​တွေ ခန့်လို့ ဖိအား​ပေးပိတ်ခိုင်းတဲ့အပြင် အခြားရည်ရွယ်ချက်​တွေပါ ပါလာတယ်လို့ ပုဂ္ဂလိက ​ဆေးရုံ​တွေ ၊ကျန်းမာ​​ရေး ဝန်ထမ်း​တွေက ​ပြောပါတယ် ။ အဲဒါကတော့ ပုဂ္ဂလိက ​ဆေးရုံ​တွေ ဆီက ​ငွေရချင်လို့ ​ငွေညှစ်ချင်တာ ၊ စစ်တပ်နဲ့ဆက်စပ်တဲ့ ​ဆေးရုံ​တွေကို လူနာ​တွေပိုလာ​စေချင်တဲ့အတွက် ပုဂ္ဂလိက ​ဆေးရုံ​​တွေကို အ​ကြောင်းပြချက်မျိုးစုံ​ပေးပြီး အနိုင်ကျင့်ပိတ်ခိုင်း​နေတာဖြစ်ပါတယ် ။

၂၀၂၅ ခုနှစ် ​ဖေ​ဖော်ဝါရီလဆန်းမှာ စစ်​ကောင်စီက အနိုင်ကျင့်ပိတ်ခိုင်းတဲ့ ​ပုဂ္ဂလိက​ဆေးရုံ​တွေက မန္တ​လေးမြို့မှာ ၇ ရုံရှိခဲ့ပါတယ်။ အထက်မြန်မာနိုင်ငံရဲ့ မြို့​တော် မန္တ​လေးမှာ ကျန်းမာ​ရေးဝန်​ဆောင်မှု​ပေး​နေတဲ့ ပုဂ္ဂလိက​ဆေးရုံ​တွေထဲက ပန်းလှိုင် ၊မြတ်ချယ်ရီ၊မြတ်ဝေလျှံ ၊မင်္ဂလာမျိုးဆက် ၊လန်ဒန် ၊ဇီဝက ၊ငြိမ်းချမ်း ဆေးရုံတွေပိတ်သိမ်းခံရတာလို့ People's Spring ကစုံစမ်းသိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်ကလန်ဒန်ဆေးရုံဟာပြည်သူတွေအားထားရတဲ့ဆေးရုံတရုံဖြစ်ပါတယ်။ CDM ဆရာဝန်တွေကိုအလုပ်ခန့်တယ် ၊ဒဏ်ရာရလူနာတွေကိုဆေးကုပေးတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့စစ်တပ်ကမကြာခဏဝင်ရောက်စီးနင်းရှာဖွေခံရတဲ့ဆေးရုံလည်းဖြစ်ပါတယ်။

ဇန်နဝါရီလမှာလည်း မန္တလေးမြိုကဆေးရုံတွေကိုစစ်​တပ်ကညဘက်တွေမှာဝင်ရောက်စီးနင်းတာတွေလုပ်ခဲ့ပြီး ယခုလိုဆေးရုံတွေပိတ်သိမ်းခံရတာလို့ ​ဆေးရုံ​တွေနဲ့နီးစပ်သူတွေကပြောပါတယ်။

"CDMဆရာဝန်တွေကို ဝင်စစ်တာ။ဒဏ်ရာရတဲ့ပြည်သူတွေကိုကုပေးတဲ့နေရာမှာ နယ်ဘက်ကပြည်သူတွေဆိုရင်စစ်တပ်က မသင်္ကာတော့ ပိတ်သိမ်းတာလို့ကြားတယ်။တချို့ဆေးရုံတွေကတော့ အခွန်တွေမတန်တဆတောင်းတော့မပေးနိုင်တာလို့ကြားတယ် "လို့ ​ဆေးရုံ​တွေနဲ့နီးစပ်တဲသူတဦးကပြောပါတယ်။

ထားဝယ်မြို့က မယ်ဒီလန်းပုဂ္ဂလိကဆေးရုံကိုလည်းမတ်လ ၁ရက်ကစ၍ ဧပြီလ ၃၀ရက်အထိ နှစ်လကြာ ပိတ်ခိုင်းတယ်လို့စုံစမ်းသိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ စစ်​ကောင်စီလက်ချက်​ကြောင့် ကျန်းမာရေးဝန်ထမ်း​ပေါင်း ၁၃၀ ကျော်သေဆုံးသတ်ဖြတ်ခံခဲ့ရပါတယ်။ဒါအပြင်စစ်​ကောင်စီက ဆေးရုံ၊ဆေးခန်း​ပေါင်း ၃၄၀ကျော်ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ၂၀၂၅ ဖေဖော်ဝါရီ ၄ ရက်က ပြောခဲ့ပါတယ်။

စစ်​ကောင်စီဟာ အာဏာသိမ်းပြီး လပိုင်းအတွင်းမှာ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ် ကူးစက်ပျံ့နှံ့မှုကို ​စီမံခန့်ခွဲမှု​ကောင်းစွာမလုပ်နိုင်တာ​ကြောင့် နိုင်ငံတဝန်းပြည်သူ​ထောင်​သောင်ချီ ​သေဆုံး​စေခဲ့ပါတယ်။ ​​နောက်ပိုင်းမှာလည်း ပုဂ္ဂလိက​ဆေးရုံ​တွေကိုအခုလို အနိုင်ကျင့်ပိတ်ခိုင်းတာ ၊ပြည်ပက ​​အရည်အ​သွေး​ကောင်းမွန်တဲ့​ဆေးဝါး​တွေကို ​ဒေါ်လာကုန်မှာစိုးပြီး တင်သွင်းခွင့်ကန့်သတ်တာ​ကြောင့် ​ဆေးဝါး​တွေရှားပါးပြတ်လပ်​ဈေးကြီးကုန်တာ ၊CDM ဆရာဝန်​တွေကိုဆိုးဆိုးဝါးဝါး ဖိနှိပ်အကြမ်းဖက်တာ​တွေ​ကြောင့် တိုင်းပြည်ရဲ့ ကျန်းမာ​ရေး​စောင့်​ရှောက်မှုဟာ ဆိုးဆိုးရွားရွား ယို့ယွင်းလာ​နေပါတယ်။ ကျန်းမာ​ရေး ​စောင်​ရှောက်မှုအ​ခြေအ​နေဆိုးဝါး​အောင်လုပ်တာဟာ ပြည်သူ​တွေကိုသတ်တာနဲ့အတူတူပဲလို့ ဆရာဝန်အချို့က​ပြောပါတယ်။

ဒီအ​ခြေအ​နေ​တွေ​ကြောင့် ပုဂ္ဂလိက​ဆေးရုံ​တွေဟာ ပြည်တွင်းကအခြား​သော စီးပွား​ရေးလုပ်ငန်း​တွေလိုပဲ စစ်​ကောင်စီရှိ​နေသမျှ စစ်အုပ်စုအတွက် ​အနိုင်ကျင့်စရာ ၊ငွေညှစ် စရာလုပ်ငန်း အဖြစ်​ရှိနေပါလိမ့်မယ်လို့ ကျန်းမာ​ရေးအသိုင်းအဝိုင်းကသုံးသပ်​နေကြပါတယ် ။ ။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Comment