MENU

Fun & Interesting

ချင်းညီ​နောင်​ပြော​ရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဆလိုင်းတင်မီ နဲ့​မေးမြန်းခန်း | People's Spring

People's Spring 115,276 lượt xem 2 weeks ago
Video Not Working? Fix It Now

"(ဖလမ်းက)စစ်​ရေးအရ​သော်လည်းကောင်း နိုင်ငံ​ရေးအရ​သော်လည်း​ကောင်း​တော်​တော်လည်းအ​ရေးကြီးတဲ့​နေရာဖြစ်ပါတယ်"

■ချင်းညီ​နောင်​ပြော​ရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သလို CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ နဲ့​မေးမြန်းခန်း

ချင်းညီ​နောင်နဲ့မဟာမိတ်အဖွဲ့​တွေက ချင်းပြည်နယ် မြောက်ပိုင်းက ခရိုင်မြို့တစ်မြို့ဖြစ်တဲ့ ဖလမ်းမြို့နယ်တစ်ခုလုံးကို ဧပြီ ၉ ရက်​နေ့မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချင်းညီနောင်စစ်ဆင်ရေး(Operation CB)အဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂ဝ၂၄ နိုဝင်ဘာ ၉ရက်မှာ စတင်ခဲ့ရာ စစ်ဆင်ရေး ၅လပြည့်မြောက်တဲ့ ဧပြီ၉ ရက်​​နေ့မှာပဲ ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်တဲ့ နယ်မြေအဖြစ် ​ကြေညာခဲ့ပါတယ်။ချင်းညီ​နောင်နဲ့ မဟာမိတ်​တွေအတွက် ချင်းပြည်နယ်မှာ ၅ မြို့​မြောက်မြို့အဖြစ်သိမ်းယူနိူင်ခဲ့တာဖြစ်ပါတယ် ။ ချင်းညီ​နောင် ရဲ့​ပြော​ရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ချင်းညီနောင်အဖွဲ့ဝင် ၊ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်‌ရေးတပ်(CNO/CNDF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကို People's Spring ကဆက်သွယ်​​မေးမြန်းထားပါတယ် ။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Comment