MENU

Fun & Interesting

Resistor Watt တန်ဖိုး ရှာဖွေခြင်း

Electronic Student 17,465 lượt xem 5 years ago
Video Not Working? Fix It Now

Resistor Sizes and Package

ပုံစံမတူညီသော အမျိုးမျိုးသော Resistor မျိုးစုံကို ဈေးကွက်အတွင်း ခုခံမှု့တန်ဖိုးမျိုးစုံဖြင့် မြင်တွေ့နိုင်မှာပါ ။ ယနေ့ အချိန်တွင် အသုံးအများဆုံးမှာ SMD = Surface Mount Device Resistor များဖြစ်ကြသော်လည်း ၊ Axial Resistor ( PTH ) သည်လည်း အသုံးတွင်ကျယ် နေဆဲပင် ဖြစ်ပါသည် ။ SMD , Axial နှင့် MELF Resistor Package များ၏ ဆိုဒ်များ နှင့် ကိုယ်ထည် သတ်မှတ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြရန် အထူးကြိုးစား ထားပါသည် ။

• SMD Resistor Sizes
• Axial Resistor Sizes
• MELF = Metal Electrode Leadless Face

SMD Resistor Sizes

SMD Resistor များ၏ ပုံစံ နှင့် အရွယ်အစားသည် စံသတ်မှတ်ချက် အရ ထုတ်လုပ်သူအများစုမှ JEDEC စံနှုန်းများကို အသုံးပြုကြပေသည် ။ SMD Resistor များ၏ အရွယ်အစားကို 0603. ကဲ့သို့ Imperial Code များဖြင့် ညွှန်ပြပေသည် ။ ထိုကုဒ်တွင် Resistor Package ၏ အကျယ် အမြင့် ပါရှိပေသည် ။ ထို့ကြောင့် ကုဒ်နံပါတ် 0603 ဆိုကြပါစို့ အလျား 0.060 " နှင့် အနံ 0.030 " ဖြစ်ကြောင်း ဆိုလိုပေသည် ။ Imperial Code ဖြင့် ဆိုပါက လက်မယူနစ်ဖြင့် ပြဆို ပြီး ၊ Metric Unit ဖြင့်ဆိုပါက mm ဖြင့်ပြဆိုပါသည် ။ Imperial Code ဖြင့် 0603 ကို Metric Code ဖြင့် ဖော်ပြပါက 1608 ဖြစ်လာပြီး ၊ အလျား 1.55 mm နှင့် အနံ 0.85 mm ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည် ။ ဖော်ပြပါ ဇယား ကွက်တွင် လေ့လာနိုင်ပါသည် ။
ယနေ့ခတ် အသုံးပြုလျက်ရှိသော PCB ဒီဇိုင်းများတွင်လည်း မက်ထရစ် ယူနစ်များ မီလီမီတာ ကို အသုံးပြုလေ့ ရှိပြီး Metric Unit ဖြင့် စိမ်းသူများ အတွတ် များစွာ စိတ်အနှောက့်အယှက် ဖြစ်စေပါသည် ။ SMD Resistor များသည် အရွယ်အစား အားဖြင့်လိုအပ်သော Power Rating ပေါ်တွင် မူတည်ပေသည် ။

Axial Resistor

Axial Resistor ၏ အရွယ်အစားသည် SMD Resistor များကဲ့သို့ ပုံစံ သတ်မှတ်ချက်များ မတူပေ ။ ထုတ်လုပ်သူ များအနေဖြင့် အနည်းငယ်ကွဲပြား ခြားနားသော အတိုင်းအထွာများကို အသုံးပြုလေ့ရှိကြပေသည် ။ ထို့ပြင် Axial Resistor များ၏ အရွယ်အစားသည် Power Rating နှင့် ကာဗွန် ဖွဲ့စည်မှု့ ၊ Wire Wound ၊ Carbon သို့မဟုတ် Metal Film စသည့် Resistor များ၏ အမျိုးအစားပေါ် မူတည်လျက်ရှိပေသည် ။ Common Carbon Film နှင့် Meral Film Axial Resistor များ ၏အရွယ်အစားကို ဖော်ပြထားပေသည် ။

MELF Resisstor

MELF Resistor ဆိုသည်မှာ Metal Electrode Leadless Face ကို အတို ခေါ်ဆိုခြင်းသာဖြစ်ပေသည် ။ တခါတရံ တွင် SMD Resistor များကိုလည်း MELF Resistor များအစား အသုံးပြုကြခြင်းကို လည်းတွေ့ မြင်နိုင်ပါသေးသည် ။ SMD Resistor များအစား MELF Resistor များကို အသုံးပြုခြင်း၏ အဓိက အားသာချက်မှာ အပူသက်သာသည် အပြင် SMD Resistor ထက် တည်ညိမ်မှု့ပိုမိုပေသည် ။ TCR Thin Flim အမျိုးအစား MELF Resistor များသည် 25-50 ppm / K ရှိပြီး SMD Resistor များတွင်တော့ 200 ppm / K အထိသာ ရရှိနိုင်ပေသည် ။ MELF Resistor သည် သူ၏ စလင်ဒါ ပုံစံ တည်ဆောက်ထားသည့် ပုံစံကြောင့် ဖြစ်ပေသည် ။ အထူး သဖြင့် Components များကို အလိုလျောက် တပ်ဆင် ခဲဆော်သည့် စက်များ အသုံးပြုသည့်အခါ တွင်တော့ Components ကိုကောက်ယူတပ်ဆင်ရာတွင် အခက်အခဲ ရှိခြင်း စသည့် အားနည်းချက်ရှိပေသည် ။ အဘယ်ကြောင့်ဆိုသော် အလိုအလျောက် ခဲဆော် တပ်ဆင်စက် များသည် Components ပစ္စည်းများ အား ကောက်ယူရာတွင် လေစုပ်ခွက် ကို အသုံးပြုခြင်းကြောင့် MELF Resistor ကဲ့သို့ အလုံး ပုံစံ အား ကောက်ယူရ အလွန် ခက်ခဲစေပါသည် ။

ကျန်းမာကြပါစေ
လျှပ်စစ်ကျောင်းသား

Comment