MENU

Fun & Interesting

ထိုင်ပေအကြီး ဆုံး ညစျေးမှာ မုန့်သွားစားမယ်... Shilin Night Market

Cook for K1 34,688 lượt xem 1 month ago
Video Not Working? Fix It Now

ထိုင်ပေရဲ့ များလှစွာသော ညစျေးတွေထဲမှာ ထိုင်ပေလာလည်ရင် မဖြစ်မနေ သွားကြတဲ့ အကြီးဆုံးညစျေးဖြစ်တဲ့ Shilin ညစျေးပါ။ ဒီနေ့မှာလည်း ကျွန်တော် တခါမှ မိတ်မဆက်ဖူးသေးတဲ့ တို့ဖူးအနံ့ကြော်၊ ကြက်သားကြော်ကင်၊ နှမ်းခေါက်ဆွဲသုတ်၊ စတာလေးတွေကို မိတ်ဆက်ပေးထားပါတယ်ခင်ဗျာ
Stinky tofu, or chòu dòufu သည် မြန်မာလို တိုက်ရိုက်ပြန်သည့်အခါ ပဲပြားအနံ့ ဟုခေါ်ဆိုနိုင်ပါသည်၊ ပဲပြားတွေကို နံသွားအောင်၊ပဲပြားထဲက ပရိုတင်းဓာတ်တွေကို ပြိုကွဲအောင် အချဉ်ဖောက်ပေးရပါတယ်၊ ရိုးရာနည်းအရ အချဉ်ဖောက်အရည်ရဖို့အတွက် အရွက်များ၊အသား၊ ချဉ်နေသောနို့နဲ့ အခြားသော ဟင်းနုနယ်ရွက်၊မုန့်ညှင်းရွက်၊မျှစ်၊ ပုစွန်ခြောက်နဲ့ တရုတ်ရိုးရာသစ်မြစ်သစ်ဥတွေလည်းပါပဲပါတယ်၊ အဲ့ဒီ့အချဉ်ဖောက်ဆားငံရည်ရဖို့ လပေါင်းများစွာချဉ်ဖောက်ထားရပါတယ်၊
ပြီးမှ ပဲပြားတွေကို စိမ်ပြီး ပဲပြားတွေနံလာတဲ့အခါ မှ ပဲပြားတွေကို ကြော်တာပဲဖြစ်ဖြစ်၊ မာလာအရသာပဲပြားပေါင်းတာပဲဖြစ်ဖြစ်လုပ်စားလေ့ရှိပါတယ်၊ ပဲပြားရဲ့ နံတဲ့အနံ့က ပုပ်နံ့နံတဲ့ အမှိုက်ကားအနံ့နဲ့ တူတယ်လို့ ပြောကြသလို ခြေအိတ်ဝတ်တာကြာတဲ့အခါ ခြေထောက်က ထွက်တဲ့ အနံ့နဲ့ တူတယ်လို့လည်းပြောကြပါတယ်၊ ပဲပြားနံ ကို ထိုင်ဝမ်အပြင် တရုတ်ပြည်မှာလည်းနှစ်ခြိုက်စွာစားသုံးကြပါတယ်
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။

Comment