အားလုံးပဲ မင်္ဂလာပါ။ K2K Knowledge Bank ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်အလှည့်ကျလာတဲ့ Corner ကတော့ စီးပွားရေး Corner ပဲဖြစ်ပါတယ်။ ဒီတစ်ပတ်ရဲ့ Business Corner အတွက် စာရေးသူ ရဲ့ ချစ်လှစွာသော သူငယ်ချင်းတစ်ယောက်ကအကြံပေးတယ်။ Stock Market အကြောင်းလေး လုပ်ပါလားတဲ့။ ဒီလိုအကြံပေးချက်လေး ကို ကြားလိုက်ရစဥ်မှာ ပဲ သိပ်ကောင်းတဲ့ ခေါင်းစဥ်တစ်ခု ဖြစ်မယ်ဆိုတာသိလိုက်ရပါတယ်။
00:00 - 00:55 -- Why we should have stocks
00:55 - 01:31 - Examples of Stocks
01:31 - 03:33 - Introduction to business usage
03:33 - 04:43 - What is IPO?
04:43 - 05:50 - Stock Market
05:50 : 06:53 - Conclusion
စာရေးသူ ဘာလို့ဒီလိုတွေးလိုက်သလဲ ဆိုတာ သိချင်နေကြမယ်ထင်ပါတယ်။ စာရေးသူတို့ မြန်မာနိုင်ငံဟာ စျေးကွက် စီးပွားရေး စနစ် ကျင့်သုံးနေတဲ့ နိုင်ငံဖြစ်တာနဲ့ အညီ အဖက်ဖက် ကနေ တီထွင်ကြံစ မှု လုပ်ငန်းချဲ့ထွင်မှု စတာတွေကို စီးပွားရေး လုပ်ငန်း ရှင်များက အစဥ်တစိုက် ဆောင်ရွက်နေဖို့လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ် ရင် စျေးကွက်စီးပွား ရေးစနစ်ထဲ မှာ အရှုံးတွေနဲ့သာရင်ဆိုင်ရပါလိမ့်မယ်။ သို့သော် လည်း စီးပွားရေး လုပ်ငန်းဆိုတာ အရင်းအနှီး ရှိမှသာ ဆက်လက်ချဲ့ထွင်နိုင်တာဖြစ်တဲ့ အတွက် တစ်ယောက်တည်း အား ထက်စာရင် အဖွဲ့လိုက် ငွေအင်အားက ပိုလို့ ခိုင်မာပါတယ်။ အဖွဲ့ လိုက်အင်အားဆိုသော်ငြားလည်း လူအင်အား ပိုမိုများတဲ့အခါ ငွေအင်အားက ပိုမို လို့တောင့်တင်းမှာဖြစ်ပါတယ်။
https://www.k2kknowledgebank.com/stock-market/