ပို့ပို့ကြည် Poht Poht Kyi
ဒေါ်ပို့ပို့ကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည့် Myanmar Imperial University ကို တည်ထောင်ခဲ့သူဖြစ်ပါသည်။ သူမ၏ယုံကြည်သောအိပ်မက်ဖြစ်သည့်Myanmar Imperial University အစဖြစ်သော သင်တန်းကျောင်းလေးတစ်ခုကို အသက် ၁၈ နှစ်အရွယ်တွင် မြန်မာငွေ ၁၈ သိန်းဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။ စတင်ခဲ့စဉ်က ကျောင်းသား ၄ ယောက်ဖြင့်သာအစပြုခဲ့ရပြီး ယခုအချိန်တွင် Myanmar Imperial University ကို မြန်မာနိုင်ငံကိုယ်စားပြု ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ပြည့်နှက်နေသော တက္ကသိုလ်တစ်ခုအဖြစ် ဂုဏ်ယူစွာထူထောင်နိုင်ခဲ့သူဖြစ်ပါသည်။ ယခုအခါ MIU သည် Alumni Network ၃၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိတွင်ကျောင်းသားပေါင်း ၁၄၀၀ ကျော် ပညာသင်ကြားလျက်ရှိပါသည်။
သူမသည် အင်္ဂလန်နိုင်ငံ Middlesex University , University of Northampton ,Oxford University မှာ Business Management and Organizational Leadership ဘွဲ့ကိုရရှိထားပါသည်။ ယခုလက်ရှိတွင် အင်္ဂလန်နိုင်ငံ University of Northampton မှ (Doctorate in Business Administration – DBA) ကို တက်ရောက်နေပြီး “Leading a Brand” ခေါင်းစဉ်ဖြင့် စာတမ်းပြုစုနေပါသည်။